Extraordinary Attorney Woo ဇာတ်ကားဟာ တောင်ကိုရီးယားနိုင်ငံမှာ လတ်တလော နာမည်ကြီးပြီး အောင်မြင်မှုရရှိနေတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာဆိုရင်လည်း အရင်က ငြိမ်နေသလောက် လက်ရှိမှာ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Kang Ki Young ဟာဆိုရင်လည်း လက်ရှိမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု များစွာရရှိနေပါတယ်။

Google

ဇာတ်လမ်းထဲမှာ Kang Ki Young က စီနီယာရှေ့နေ Jung Myung Seok အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ Kang Ki Young က ဇာတ်ကားပေါင်း များစွာမှာ ပါဝင်သရုပ်ဆောင်ဖူးပေမယ့် ဘယ်ဇာတ်ကားကမှ အခုလောက် နာမည်ကြီးပြီး အောင်မြင်မှု မရခဲ့ပါဘူး။ အောင်မြင်လာတာနဲ့အတူ Kang Ki Young ရဲ့ မိသားစု ဓာတ်ပုံတွေကိုလည်း ရှာဖွေ မှု မြင့်တက်လျက်ရှိပါတယ်။ Kang Ki Young မှာ သားလေးနဲ့မိန်းမရှိပြီး သူ့သားနဲ့မိန်းမ ဖြစ်သူကိုလည်း အရမ်းချစ်ပါတယ်။

Google
Google
Google

မကြာသေးမီ အချိန်က Kang Ki Young ရဲ့ သားဖြစ်သူနဲ့ ဇနီးသည်ဖြစ်သူတို့ရဲ့ လူသိနည်းတဲ့ ပုံရိပ်လေးတွေက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံံ့လာခဲ့ပါတယ်။ ဓာတ်ပုံလေးတွေထဲမှာ Kang Ki Young က သူ့သားနဲ့ ဇနီးဖြစ်သူကို ဘယ်လောက်ထိ တုန်နေအောင် ချစ်လဲဆိုတာ အတိုင်းသား ပေါ်လွင်နေပါတယ်။

Google
Google
Google

Kang Ki Young ရဲ့ ဇနီးဖြစ်သူက အနုပညာရှင်မဟုတ်တဲ့ ရိုးရိုး သာမန်သူ ဖြစ်တာကြောင့် Kang Ki Young က သားဖြစ်သူနဲ့ မိန်းမဓာတ်ပုံကို အများကြီး တင်လေ့တင်ထ မရှိပါဘူး။ ဒါကြောင့်အခု ဓာတ်ပုံလေးတွေက ပရိသတ်တွေကြားမှာ အဆန်းလိုမျိုး ဖြစ်နေတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သရုပ်ဆောင် Kang Ki Young ရဲ့ သားဖြစ်သူနဲ့ဇနီးဖြစ်သူတို့ရဲ့ ကြည်နူးဖွယ် ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။