တောင်ကိုရီးယားမင်းသမီး Han Hye-jin ဟာဆိုရင် ဂျူမုံဇာတ်လမ်းထဲမှာ ဆိုအောနိုအဖြစ် ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Han Hye-jin က ခင်ပွန်းဖြစ်သူနဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သမီးလေးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ Han Hye-jin က ၂၀၀၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ လုပ်လာခဲ့တဲ့သူဖြစ်တာကြောင့် သူမရဲ့ အနုပညာ သက်တမ်းကတော့ တော်တော်လေး မနည်းတော့ပါဘူး။ ဒါပေမယ့်လည်း Han Hye-jin က လက်ရှိမှာ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတာဖြစ်ပါတယ်။

Google
Google

အနုပညာအလုပ်တွေမှာသာမက ဆိုရှယ်မီဒီယာပေါ်မှာပါ ငြိမ်ချက်သားကောင်းနေတဲ့ Han Hye-jin က မကြာသေးမီက သူမရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လက်ရှိ အခြေအနေကို ပြနေတဲ့ပုံရိပ်လေးကို ဝေမျှပေးလာခဲ့ပါတယ်။ ဓာတ်ပုံလေးတွေထဲမှာ Han Hye-jin က အရင်ကထက် ပိန်သွယ်ပြီး တည်ငြိမ်ရိုးရှင်းလို့နေပါတယ်။ အသက် ၄၀ ကျော်သွားပြီဖြစ်ပေမယ့် Han Hye-jin ရဲ့ မျက်နှာက အိုမင်းမသွားဘဲ ပိုပြီးတောင် ချစ်ဖို့ကောင်းလွန်းနေပါတယ်။

Google

Han Hye-jin က အဆိုပါ ဓာတ်ပုံလေးနဲ့အတူ မတွေ့ရတာကြာပြီးနော်ဆိုတဲ့ စာသားလေးကိုပါ နှုတ်ဆက်တဲ့ အနေနဲ့ တင်ပေးလာခဲ့ပါတယ်။

Instagram
Google

တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေရရှိခဲ့ပြီး ပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးခြင်း ခံခဲ့ရတဲ့ တောင်ကိုရီးယား မင်းသမီး Han Hye-jin ရဲ့ လက်ရှိပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။