တောင်ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးဟာဆိုရင် The Heirs ဇာတ်လမ်းနဲ့ တောင်ကိုရီးယား အနုပညာလောကမှာ တဟုန်ထိုး အောင်မြင်မှုရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ ပတ်ရှင်ဟေးက ဇာတ်ကားတိုင်းလိုလိုမှာ စိတ်ဝင်တစား ပါဝင်သရုပ်ဆောင်တတ်တဲ့ သူလေးဖြစ်ပြီး သရုပ်ဆောင်လည်း အရမ်းတော်တဲ့ သူလေး ဖြစ်ပါတယ်။

Google
Google

ပတ်ရှင်ဟေးဟာ ချမ်းသာကြွယ်ဝတဲ့ မျိုးရိုးကနေ ဆင်းတက်လာတဲ့သူ မဟုတ်တာကြောင့် အနုပညာ လောကထဲမှာ အောင်မြင်မှု ရရှိပြီး ငွေရှာနိုင်တဲ့ အခါမှ မိဘတွေကို ပြန်ကြည့်ပေးနိုင်တဲ့ သူလေး ဖြစ်ပါတယ်။ ပတ်ရှင်ဟေးက ၂၀၁၆ ခုနှစ်မှာ မိဘတွေအတွက် အကင်ဆိုင်လေး ဖွင့်လှစ်ပေးပြီး မိဘတွေ နောင်ရေး အဆင်ပြေစေမယ့် အလုပ်လေး ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Google
Google
Google

ပတ်ရှင်ဟေးက မိဘတွေအတွက် စားသောက်ဆိုင် ဖွင့်ပေးရုံနဲ့ ပြီးမသွားဘဲ မိဘတွေကို စိတ်ပိုင်းဆိုင်ရာ ကူညီမှုလေးတွေလည်း ဆောင်ရွက်ပေးခဲ့ပါသေးတယ်။ ပတ်ရှင်ဟေးက သူမ မိဘတွေအတွက်ဖွင့်လှစ်ပေးထားတဲ့ ဆိုင်လေးမှာ ကိုယ်တိုင်ကိုယ်ကျ စားပွဲထိုးလုပ်ပြီး ၊ ပန်းကန်တွေအထိပါ ဝင်ဆေးပေးတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ သိရပါတယ်။

Google

ပတ်ရှင်ဟေးက မိဘတွေအပေါ် အရမ်းသိတတ်တဲ့ သမီးလေးဖြစ်ပြီး အောင်မြင်မှုတွေ ရရှိနေတဲ့ အချိန်မှာတောင် စိတ်ကြီး ဝင်သွားခြင်း မရှိဘဲ မိဘတွေကို ပြန်ကြည့်တတ်တဲ့သူလေးဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ မင်းသား ချွဲတေးဂျွန်နဲ့ လက်ထပ်ပြီး ၄ လအကြာမှာတော့ ပတ်ရှင်ဟေးက သားဦးလေး တစ်ယောက်ကို ဖွားမြင်ထားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။