BTS အဖွဲ့ဝင် Jungkook ဟာ ကောင်မလေးတွေရဲ့ သဲသဲလှုပ် သဘောကျခြင်းကို ခံရတဲ့သူဖြစ်ပေမယ့် မိန်းကလေးတွေနဲ့ တွေ့ရင် အရမ်းကို ရှက်တတ်တဲ့ သူဖြစ်တယ်လို့ သိရပါတယ်။ Jungkook မှာလည်း အခြားကောင်လေးတွေလိုမျိုး ကောင်မလေးရှိလာခဲ့ရင် လုပ်ချင်တဲ့ အရာလေးတွေ ရှိနေပါတယ်။ 

Google 

Jungkook က အကယ်၍ ပရိသတ်တစ်ယောက်က သူ့ကိုလာနမ်းမယ်ဆိုရင် အနည်းဆုံး ၅ မိနစ်ကြာတဲ့အထိ နမ်းမှာဖြစ်ကြောင်း ကောင်မလေးရလာခဲ့ရင် လည်း သူအရမ်းကြိုက်တဲ့ Love 911 ရဲ့ ဇာတ်ဝင်ခန်းထဲကလိုကောင်မလေးဆီကို အပြေးသွားပြီး ပွေ့ဖက်နမ်းပစ်မှာ ဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ 

Google

Jungkook က သူကြိုက်နှစ်သတ်တဲ့ကောင်မလေးရဲ့ ပုံစံကိုပါ အခုလိုလေး ပြောလာခဲ့ပါတယ်။ Jungkook က သူ့ကို နာမည်ကြီးတစ်ယောက်မှန်း သိမနေတဲ့ ကောင်မလေးပုံစံကို ကြိုယ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်Jungkook ရဲ့ အောင်မြင်မှုက အရမ်းကို မြင့်မားနေတာကြောင့် သူ့ကိုမသိတဲ့ ကောင်မလေး ဆိုတာတော့ မရှိနိုင်ပါဘူး။ ကောင်မလေး ရလာခဲ့ရင် Jungkook က ဒီအတိုင်း လေးဖြစ်ဖြစ် ကမ်းခြေလေးမှာပဲ ဖြစ်ဖြစ် စိတ်အေးသက်သာစွာနဲ့ လမ်းအတူတူလျှောက်ချင်တယ်လို့ ဆိုပါတယ်။ 

Google
Google

Jungkook က နတ်ဖတ်တဲ့ဖူးစာဆိုတာကို ယုံကြည်ပြီး ကောင်မလေး တစ်ယောက်ရမယ်ဆိုတာကိုလည်း ယုံကြည်ထားတယ်လို့ ဆိုပါတယ်။ ကောင်မလေး ရလာခဲ့ရင် ဖြစ်ချင်တဲ့ Jungkook ရဲ့ ဆန္ဒလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Google

Source - musicmundial 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။