တောင်ကိုရီးယား ဖက်ရှင်ဒီဇိုင်နာ Kwon Da-mi ဟာဆိုရင် နာမည်ကြီး အဆိုတော်အဖွဲ့ Big Bang ရဲ့ အဖွဲ့ဝင်ဖြစ်သူ G-Dragon ရဲ့ အစ်မဖြစ်ပါတယ်။ သူမက တောင်ကိုရီးယား သရုပ်ဆောင်ကြီး Kim Min-joon နဲ့ လက်ထပ်ထားတာကြောင့် မင်းသားကြီး Kim Min-joon နဲ့ G-Dragon တို့က ယောက်ဖ တော်စပ်ကြပါတယ်။

သြဂုတ်လ ၇ ရက်နေ့မှာ Kwon Da-mi က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “အိမ်မှာသားလေးနဲ့အတူ အနားယူ .. ခက်ခဲတဲ့ပင်ပန်းတဲ့ အချိန်တွေပါ ..

အနားယူနေတာရော ဟုတ်ရဲ့လား ..” ဆိုပြီးတင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာ Kwon Da-mi နဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Kim Min-joon တို့ရဲ့ သားလေး Eden က အိပ်ရာပေါ်မှာ လဲလျောင်းနေပါတယ်။

Kwon Da-mi က Eden လေး ရေချိုးကန်ထဲမှာ ရေကစားနေတဲ့ ပုံရိပ်လေးကိုပါ ထည့်ပေးထားပြီး သားလေး နည်းနည်းပိုကြီးလာရင် ရေကူးကန် လိုက်ပို့ပေးမယ်လို့ ဆိုထားပါသေးတယ်။

နောက်ဆုံးဓာတ်ပုံလေးထဲမှာ Eden လေး လွတ်လပ်ပျော်ရွှင်စွာ ရယ်မောနေတဲ့ ပုံရိပ်လေးကို ထည့်ထားပါတယ်။

Eden က အသက် ၆ လပဲ ရှိသေးပေမယ့် မျက်နှာလေးက တော်တော်လေး ချောနေပါပြီ။ Eden ရဲ့ မျက်နှာလေးကို ပရိသတ်တွေက ဦးလေးဖြစ်သူ G-Dragon နဲ့ မင်းသားကြီး Kim Min-joon တို့ရဲ့ အချောအလှတွေ အားလုံး ရထားတယ်လို့ ဆိုထားကြပါတယ်။

Kwon Da-mi နဲ့ Kim Min-joon တို့က ၂၀၁၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာမှ ပထမဦးဆုံး သားဦးလေး Eden ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။