အဆိုတော် ချမ်းချမ်းဟာဆိုရင် အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းများစွာကို သီဆိုနိုင်တဲ့အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ 

Chan Chan’s Facebook 

သူမက လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့အတူ အီတလီ နိုင်ငံမှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံက ချမ်းချမ်းရဲ့ခင်ပွန်းဖြစ်သူက သူမကို အရမ်းချစ်သလို ခင်ပွန်းဖြစ်သူရဲ့ မိသားစုကလည်း အရမ်းကို ဖော်ရွေကြပါတယ်။ 

Chan Chan’s Facebook

ချစ်ဖို့ကောင်းတဲ့ တိုင်းတစ်ပါးသား မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်ချမ်းချမ်းဟာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူမရဲ့ သမီး အကြီးလေးကိုလည်း အီတလီနိုင်ငံကို ခေါ်နိုင်ခဲ့လို့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်လို့ နေပါတယ်။ချမ်းချမ်းက သူမရဲ့ မိသားစု အစုံကို အီတလီနိုင်ငံကို ခေါ်နိုင်ခဲ့တဲ့ အကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာအခုလိုလေး အသိပေးလာခဲ့ပါတယ်။

Chan Chan’s Facebook

“Beautiful flowers ? from the garden makes me feel fresh ??မိသားစုနဲ့တနေ့တာ အတူ ဆော့လိုက်ဟင်းချက်လိုက် အိမ်သန့်ရှင်းရေးလုပ်လိုက်နဲ့။ 

တနေ့က Pilar လေးဦးလေး ကြမ်းပြင်တေကို ပေါလစ်တိုက်ပေးတာ တအိမ်လုံးပြောင်လက်လို့ ??ကလေးတေလဲ ကြမ်းပြင်မှာ အိပ်ဆော့ကြနဲ့။

Chan Chan’s Facebook

 ဒီနေ့ သမီးလေးတွေ အတွက် ဆောင်းဦးအဝင် လက်ဆောင် အဖြစ် သစ်သားအိမ်လေးဆောက်ပေးဖို့ စျေးဝယ်ထွက်ကြနဲ့။  ကျမရဲ့ရိုးရှင်းတဲ့ တနေ့တာ ဖြတ်သန်းမှုလေးပေါ့ ❤️❤️❤️

ကျမကိုနားလည်ပေးပါနော် သမီးရဲ့လုံခြုံရေးရယ် ကူညီပေးသူတွေ လုံခြုံရေးအတွက် မျက်နှာလေးကို ဖုံးထားပါတယ်။  

Chan Chan’s Facebook

ကူညီပေးခဲ့သူတယောက်ချင်းစီကို တသက် ကျေးဇူးမမေ့ကြောက်းလေးပါထည့်ပြောပါရစေ???

အားလုံးလဲ ချစ်ပေးဝမ်းသာပေးလို့ အခုလို လေးတင်ပေးတာပါ။  ခဏခဏမေးကြလို့ ဒီမှာပါရှင့် ❤️❤️

အားလုံးနေကောင်းကြပါတယ်??”

Chan Chan’s Facebook

မိသားစုလေး အခုလို ပြန်လည် ဆုံစည်းရတဲ့အတွက် ချမ်းချမ်းနဲ့ ထပ်တူ ကြည်နူးဝမ်းသာ ရပါတယ်နော်။ သမီးလေး ၂ ယောက်စလုံးကို အတူတူ ခေါ်ထားနိုင်လို့ ဝမ်းသာပျော်ရွှင်နေတဲ့ အဆိုတော် ချမ်းချမ်းရဲ့ သတင်းလေးကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Chan Chan’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။