မကြာသေးမီက tvN “Sixth Sense 3” ရဲ့ ရိုက်ကွင်းနောက်ကွယ်က မင်းသားLee Sang Yeob နဲ့ Jessi တို့ရဲ့ ဓာတ်ပုံအသစ်တွေ ထွက်လာခဲ့ပါတယ်။

ဓာတ်ပုံတွေက ချစ်သူစုံတွဲတွေလို့ ထင်ရလောက်တယ်လို့ အင်တာနက်အသုံးပြုသူတွေကြားမှာ နားလည်မှုလွဲမှားနေတာ ဖြစ်ပါတယ်။

တင်ထားတဲ့သူကလည်း သူတို့နှစ်ယောက် တကယ် Date ခဲ့ရတယ်ဆိုတဲ့ Caption နဲ့ တင်ထားတာကြောင့် အထင်တွေ လွဲမှားနေကြတာပါ။

Show ကို ကြည့်ကြတဲ့သူတွေကလည်း သူတို့နှစ်ယောက်က Chemistry မိလွန်းတာကြောင့် သဘောတူနေကြပြီး တွဲစေနေချင်ကြတာပါ။Lee Sang Yeob ရဲ့အေဂျင်စီကလည်း နားလည်မှုလွဲမှားမှုတွေကို ရှင်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Jessi နဲ့ Lee Sang Yeob တို့က ချိန်းတွေ့ခြင်းမရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဝန်ထမ်းတွေက အဲဒီဓာတ်ပုံတွေကို အပျော်သဘောနဲ့ ဖျော်ဖြေရေးအတွက်သာ တင်ခဲ့တာဖြစ်ကြောင်း ပရိသတ်တွေကို နားလည်မှုမလွဲကြဖို့ တောင်းဆိုခဲ့ပါတယ်။

“Lee Sang Yeob နဲ့ Jessi တို့ကြားက ဆက်ဆံရေးဟာ ကောလဟာလတွေပဲ ဖြစ်ပါတယ်။ tvN က ဖျော်ဖြေရေး ရည်ရွယ်ချက်အတွက်သာ တင်ထားတာဖြစ်ပြီး နားလည်မှုလွဲစရာတွေ ရှိသွားခဲ့လို့ တောင်းပန်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။