BTS အဖွဲ့ဝင်တွေ ဟာဆိုရင် စိတ်ရင်းစေတနာကောင်းပြီး အောင်မြင်မှု ရရှိနေတဲ့ သူတွေအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ သူတွေ ဖြစ်ပါတယ်။ BTS အဖွဲ့ဝင် J-Hope ဟာဆိုရင်လည်း မကြာသေးမီက လူတိုင်းမလုပ်နိုင်တဲ့ ကိစ္စလေးတစ်ခုနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ခြွေယူနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့တုန်းက J-Hope က MBC ရဲ့ Standard FM ကနေပြီး Kim Ea-na’s Star Night အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင် ခဲ့ပါတယ်။

Google
Google

တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှာ J-Hope က Kim Ea-na  နဲ့အတူ ဂီတ အကြောင်းအရာများစွာကို ပြောခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာပဲ ရေဒီယိုနားထောင်သူတစ်ဦးက ပြီးခဲ့တဲ့နှစ်တုန်းက J-Hope က လမ်းဘေးကြောင်လေးတစ်ကောင်ကို ကယ်တင်ခဲ့ကြောင်း ကယ်ပြီးတော့ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

Google

J-Hope က အဆိုပါ ရေဒီယို အသုံးပြုသူဆီကနေ မထင်မှတ်ထားတဲ့ အကြောင်းအရာကို ကြားကြားချင်းမှာ အလွန်အမင်း အံ့အားသင့်ခဲ့ပြီး ဘယ်လိုသိတာလဲဆိုပြီး မေးခဲ့ပါတယ်။

Google

အဲဒီနောက်မှာ J-Hope က ကြောင်လေးကို ကယ်တင်ခဲ့တာ မှန်ကန်ကြောင်း ၊ ကြောင်လေးကို ဇာတ်လမ်းရိုက်ကူးနေရင်းနဲ့ တွေ့ရှိခဲ့တာဖြစ်ကြောင်း ၊ ကြောင်လေးကို တွေ့တဲ့အချိန်မှာ နှလုံးသားတွေ ကွဲကြေတော့မလို ခံစားခဲ့ရကြောင်း ၊ သူ့ဆီမှာလည်း မျက်စိ အမြင်အာရုံ အားနည်းတဲ့ ခွေးလေး ရှိကြောင်း ၊ အခု လမ်းဘေးကြောင်လေးရဲ့ မျက်လုံး အမြင်တွေကလည်း မကောင်းကြောင်း ၊ အရမ်းပိန်ပြီး သေးကြောင်း ၊ ဒါကြောင့် ကြောင်လေးကို ဆေးခန်းကို ပို့ပေးခဲ့ကြောင်း၊ ဆေးခန်းကို ပို့ပြီးပြီးချင်းမှာ ခြင်းတောင်းလေးနဲ့ သေချာထည့်ပေးခဲ့ကြောင်း အသေးစိတ် ပြောဆိုခဲ့ပါတယ်။ နှလုံးသားနွေးထွေးတဲ့ J-Hope က ကြောင်လေးကို သေချာလေး မွေးပေးမယ့် ပိုင်ရှင်အသစ်ကိုပါ ရှာဖွေခဲ့သေးတယ်လို့ ပြောခဲ့ပါသေးတယ်။

Google
Google

အဆိုပါ အကြောင်းအရာကို သိသိချင်းမှာ ရေဒီယိုနားထောင်သူတွေက J-Hope ရဲ့ နွေးထွေးတဲ့ နှလုံးသားကို ချီးကျူးခဲ့ကြပါတယ်။ J-Hope က အဆိုပါအကြောင်းအရာကို အရင်တုန်းက တစ်ခါမှ မပြောခဲ့ဖူးဘဲ အခုမှ ဖွင့်ဟ ပြောဆိုခဲ့တာဖြစ်ပါတယ်။ နွေးထွေးကြင်နာလွန်းတဲ့ J-Hope ရဲ့ ဖြစ်ရပ်ကို ပရိသတ်တစ်ဦးက သိရှိခဲ့ပြီးမှ ရေဒီယို အစီအစဉ်မှာ ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ သဲသဲလှုပ်အားပေးရတဲ့ J-Hope ရဲ့ မွန်မြတ်တဲ့ အကူအညီလေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။