တောင်ကိုရီးယား အဆိုတော်တစ်ယောက်ဖြစ်တဲ့ Holland ဟာဆိုရင် ဂေး တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့မိတာကြောင့် လမ်းအလယ်ခေါင်မှာ အနိုင်ကျင့် နှိပ်စက်ခြင်း ခံခဲ့ရပါတယ်။ အဆိုတော် Holland ဟာ တောင်ကိုရီးယား အမျိုးသားများဆီကနေ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခြင်း ခံခဲ့ရပြီး လမ်းလယ်ခေါင်မှာ အနိုင်ကျင့် နှိပ်စက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

Google
Google

Holland ဟာ သူ့ကိုယ်သူ ဂေး (လိင်တူခြင်း ချစ်ကြိုက်သူ) တစ်ယောက်ပါလို့ ဝန်ခံခဲ့တာကြောင့် Itaewon မှာရှိတဲ့ အမည်မသိတဲ့ အမျိုးသားတွေဆီကနေ အနိုင်ကျင့် နှိပ်စက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားက Holland ရဲ့ မျက်နှာကို ဒဏ်ရာများ ရတဲ့အထိ ရုတ်တရတ် ဝင်ရောက်ထိုးကြိတ်ခဲ့ပြီး ရိုင်းစိုင်းတဲ့ စကားလုံးများ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ Holland ဟာ ရရှိထားတဲ့ ဒဏ်ရာများကို ကုသမှု ခံယူဖို့အတွက် ဆေးရုံအထိ သွားခဲ့ရတယ်လို့ သိရပါတယ်။

Google

Holland က သူ့ရဲ့ ကိုယ်ပိုင် လူမှု ကွန်ရက် စာမျက်နှာကနေ တစ်ဆင့် အခုလို ကိစ္စဟာ မူခင်းတစ်ခုဖြစ်ကြောင်း ၊ အခုလိုမျိုး ကိုယ်ထိလက်ရောက် စော်ကားမှုမျိုးကို သူ့အနေနဲ့ လက်မခံသင့်ကြောင်း LGBT တွေသာမက အခြား အမျိုးသမီးတွေနဲ့ ဘယ်လို လိင်ပိုင်းဆိုင်ရာ ခံယူချက်မျိုး ရှိတဲ့သူမဆို ခွဲခြား ဆက်ဆံမှုမျိုးနဲ့ မထိုက်တန်ကြောင်း Holland က ဆိုခဲ့ပါတယ်။ Holland ရဲ့ ဝေမျှချက်ပြီးတဲ့နောက်မှာ ပရိသတ်တွေ အများကြီးက Holland ဘက်ကနေ ရပ်တည်ခဲ့ပြီး Holland ကို ထောက်ခံကြောင်း အမြန်ဆုံး သက်သာလာဖို့အတွက် မျှော်လင့်ကြောင်း ပြသခဲ့ကြပါတယ်။

Google

Holland ရဲ့ နာမည်အရင်းက Go Tae Seob ဖြစ်ပြီး ၁၉၉၆ ခုနှစ်တုန်းက မွေးဖွားခဲ့တာဖြစ်ပါတယ်။ ယောက်ျားလေး အဆိုတော် တစ်ယောက်ဖြစ်တဲ့ Holland က ၂၀၁၈ ခုနှစ်မှာ ပထမဦးဆုံး ပွဲဦးထွက်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားမှာ များပြားလှတဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။  Holland က တောင်ကိုရီးယား ဂေး အဖြစ်ခံယူထားတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ LGBT ထောက်ခံသူတစ်ယောက်လည်း ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။