တောင်ကိုရီးယားသရုပ်ဆောင် စုံတွဲ နှစ်ဦးဖြစ်တဲ့ ဆောင်းဟေကိုနဲ့ဆောင်းဂျွန်ကီတို့ စုံတွဲလေးက ပရိသတ်တွေ တခဲနက် အားပေးရတဲ့ စုံတွဲတွေလေး ဖြစ်ပါတယ်။ Koreaboo သတင်းဌာနရဲ့ အဆိုအရ ဆောင်းဂျွန်ကီနဲ့ဆောင်းဟေကိုတို့ရဲ့ ကွာရှင်းမှုက မယုံကြည်နိုင်လောက်အောင်မြန်ဆန်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦး ကွာရှင်းဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တဲ့ စုစုပေါင်းကြာချိန်က ၅ မိနစ်ပဲရှိပါတယ်။

Google

ရှေ့နေတွေကိုယ်တိုင်က ကွာရှင်းတဲ့ အချိန်က လူတွေထင်တာထက် မယုံနိုင်လောက်အောင် ပိုပြီး မြန်ဆန်တယ်လို့ အတည်ပြုပေးခဲ့ကြပါတယ်။ ဆောင်းဆောင်းစုံတွဲ နှစ်ဦးစလုံးက ကွာရှင်းခဲ့စဉ်က ကွာရှင်းတဲ့လုပ်ငန်းစဉ်ကို အမြန်ဆုံး ပြီးအောင်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ရှေ့နေတွေက ဆိုခဲ့ကြပါတယ်။ သူတို့နှစ်ဦးက ဇူလိုင်လ နောက်ဆုံးအပတ်မှာ တရားရုံးမှ တရားဝင် မရွှေ့ဆိုင်းမီမှာ လုပ်ငန်းစဉ်ကို အပြီးသတ်လိုတယ်လို့ ပြောခဲ့ကြတယ်လို့ သိရပါတယ်။ ကိုရီးယားရဲ့ ဥပဒေ အရ ကွာရှင်းတဲ့ အမှုကို တရားရုံးထိ မယူကြပါဘူး။ သူတို့နှစ်ဦး ကွာရှင်းရတဲ့ အကြောင်းအရင်း အချက်အလတ်က ခိုင်လုံပြီး စိတ်ပိုင်းဖြတ်နိုင်သွားပြီလို့ ယုံကြည်တာကြောင့် အခုလိုမျိုး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google
Google

ဆောင်းဟေကိုနဲ့ဆောင်းဂျွန်ကီတို့ စုံတွဲက ၂၀၁၆ ခုနှစ်က Descendants of the Sun ဇာတ်လမ်းတွဲ ရိုက်ကူးရင်းနဲ့ ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ဦးစလုံးက ချစ်ကြိုက်ခဲ့ကြပေမယ့်လည်း သူတို့နှစ်ဦးရဲ့ မင်္ဂလာကာလက လ၂၀ ခန့်သာ ကြာမြင့်ပါတယ်။ အဲဒီအချိန်တုန်းက နှစ်ဦးသားရဲ့ ကွာရှင်းမှုကို ဆောင်းဟေကိုရဲ့ အမှားကြောင့်လို့သာ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဆောင်းဟေကိုရဲ့ ပရိသတ်တွေက ဆောင်းဂျွန်ကီဆီမှာ ဖုံးကွယ်ထားတဲ့ အချက်တွေ ရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။

Google
Google

တချို့ ပရိသတ်တွေကလည်း ဆောင်းဂျွန်ကီက ချစ်သူဖြစ်ခဲ့ဖူးတဲ့ ကင်အုတ်ဘင်းနဲ့ အချိန်ကြာမြင့်စွာ အတူတူနေခဲ့တာကြောင့် ဆောင်းဟေကိုကို မနာလို ဖြစ်စေခဲ့တာလို့ ဆိုကြပါတယ်။  ဆောင်းဆောင်း စုံတွဲနှစ်ဦးက ဘယ်လိုအကြောင်းတွေကြောင့် ကွာရှင်းခဲ့ကြတာလဲဆိုတာ သေချာမသိရသေးပေမယ့် သူတို့ နှစ်ဦး ကွာရှင်းခဲ့တဲ့ အချိန်ကတော့ ၅ မိနစ်သာ ကြာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ကွာရှင်းခဲ့ပေမယ့် လည်း သူတို့နှစ်ဦး ကွာရှင်းခဲ့တဲ့ ကြာချိန်လေးက အခုမှ ပြန်ပြီးလူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။  

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။