တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် အသက် ၄၀ ကျော် အရွယ်ဖြစ်နေပေမယ့် ငယ်ရွယ်နုပျိုနေဆဲ ပုံရိပ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။ Song Hye Kyo က မကြာသေးမီအချိန်ကလည်း The Glory ဇာတ်လမ်းတွဲထဲမှာ သူမထက် အသက် ၉ နှစ်ငယ်တဲ့ ပြိုင်ဘက် မင်းသမီး Lim Ji Yeon နဲ့ ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Google

ပရိသတ်တွေကတော့ အသက် ၉ နှစ်ပိုငယ်တဲ့ သရုပ်ဆောင်လေးတွေနဲ့ ယှဉ်ပြိုင်ရိုက်ကူးရမယ့်အပေါ် မမ Song Hye Kyo တစ်ယောက် ယှဉ်ပြိုင်နိုင်ပါ့မလားဆိုပြီး မေးခွန်းတွေ ထုတ်ထားကြပါတယ်။ မမ Song Hye Kyo နဲ့ အပြိုင်ဇာတ်ကောင်အထိ ပါဝင်သရုပ်ဆောင်ခဲ့တဲ့  Lim Ji Yeon က Obsessed ဇာတ်လမ်းနဲ့ နာမည်ကြီးလာခဲ့တဲ့သူဖြစ်ပြီး သရုပ်ဆောင် အရမ်းတော်တဲ့ မင်းသမီး ဖြစ်ပါတယ်။

Google
Google
Google

Lim Ji Yeon ဟာဆိုရင် Song Hye Kyo  လောက် နာမည် မကြီးပေမယ့် High Society ၊ The Royal Gambler ၊ Blow Breeze ၊ Welcome 2 Life နဲ့ Money Heist: Korea – Joint Economic Area စတဲ့ ဇာတ်လမ်းတွဲတွေ တော်တော်များများမှာ ပါဝင်ရိုက်ကူးထားတဲ့သူဖြစ်ပါတယ်။

Google
Google
Google

Lim Ji Yeon က ဇာတ်ကောင်တိုင်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး ဖြစ်ပြီး ငယ်ရွယ်တဲ့ ရုပ်အခံလေး ရှိတာကြောင့် The Glory ထဲမှာ Song Hye Kyo ထက်ပိုပြီး နာမည်ကြီးသွားနိုင်မလားဆိုပြီး ခန့်မှန်းထားကြပါတယ်။

Google
Google
Google

ပြိုင်ဘက် မင်းသမီး နှစ်လတ်ထဲမှာ ဘယ်သူပိုပြီး နာမည်ကြီးလာမလဲဆိုတာကိုတော့ အပိုင်း ၈ ပိုင်းသာရှိတဲ့ The Glory ဇာတ်လမ်းထွက်လာမှပဲ သေချာ သိရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ရော .. မင်းသမီး နှစ်လတ်မှာ ဘယ်သူ ပိုပြီး နာမည်ကြီးသွားနိုင်လဲဆိုတာ ဖြေကြည့်ပေးသွားပါဦးနော် .. အက်မင်ကတော့ မမ ဆောင်းလို့ပဲ သေချာပေါက် ယုံကြည်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။