တောင်ကိုရီးယားမင်းသမီး Kim Tae Hee ဟာဆိုရင် ပွဲဦးထွက်ခါစကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။

Google

အလှအပမှာ စံတစ်ခုအနေနဲ့ သတ်မှတ်ခြင်း ခံထားရတဲ့ Kim Tae Hee ဟာ မကြာသေးမီက CF photos တွေနဲ့ ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်လိုက်ပြန်ပြီပဲဖြစ်ပါတယ်။

Google
Google

ကြော်ငြာဓာတ်ပုံလေးတွေထဲမှာ Kim Tae Hee ရဲ့ အလှတရားက တောက်ပကြည်လင်နေပြီး အနာအဆာ ကင်းမဲ့လို့နေပါတယ်။ Kim Tae Hee က ရိုးရှင်းတဲ့ ဆံပင်ပုံစံနဲ့ ပေါ့ပါးတဲ့ မိတ်ကပ်ကို လိမ်းခြယ်ထားတာဖြစ်ပေမယ့် လှပလွန်းတာကြောင့် ပရိသတ်တွေ အားလုံးရဲ့ အကြည့်တွေကို မလွှဲနိုင်အောင် ဖြစ်သွားစေခဲ့တာဖြစ်ပါတယ်။

Google
Google
Google

ကင်တေဟီးက လက်ရှိမှာ အသက် ၄၂ နှစ်နှစ် အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ ကင်တေဟီးက အဆိုတော်သရုပ်ဆောင် ရိန်းနဲ့ လက်ထပ်ခဲ့ပြီး ကလေးလေး ၂ ယောက် မွေးဖွားခဲ့ပါတယ်။ 

Google

ကလေး ၂ ယောက် အမေဆိုပေမယ့် ကင်တေဟီးရဲ့ အသက်က ခန့်မှန်းလို့ မရအောင် ငယ်ရွယ်နုပျိုနေတဲ့ သက်တမ်းမြင့် ဝိုင်လေး တစ်ခုလိုဖြစ်နေပါတယ်။

Google

အသက် ၄၀ကျော်နေပြီဖြစ်ပေမယ့် နုပျိုပြီး ချောမောလှပနေဆဲ ဖြစ်တဲ့ တောင်ကိုရီးယားမင်းသမီး ကင်တေးဟီးရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။