တောင်ကိုရီးယားမင်းသား Choi Tae Joon နဲ့ Park Shin Hye တို့ဟာ ကလေး မွေးဖွားပြီး ၂ လ အကြာမှာ လှူဒါန်းမှုလေးတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ လှူဒါန်းမှုအတွက် Choi Tae Joon က  “Public Diplomacy, Move Your Heart” အစီအစဉ်အတွက် အသံသွင်းခြင်း တစ်ပြားတစ်ချပ်မှ မယူဘဲ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Google

မှတ်တမ်းရုပ်ရှင်အတွက် Choi Tae Joon က တောင်ကိုရီးယား စစ်ပွဲတုန်းက အီသီယိုးပီးယား စစ်ပြန်များဆီကိုအထိ သွားရောက်လည်ပတ်ခဲ့ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ မဖွံ့ဖြိုးသေးတဲ့ နေရာတွေကို အထိ ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ Choi Tae Joon ဟာ ရင်သွေးလေး မွေးဖွားပြီးနောက်မှာ အဓိပ္ပါယ်ရှိလှတဲ့ လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Park Shin Hye နဲ့ မင်းသား Choi Tae Joon တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ChungAng တက္ကသိုလ် ၊ ပြဇာတ်ဌာနက စီနီယာနဲ့ ဂျူနီယာတို့ ဖြစ်ကြပြီး ၂၀၁၇ နှစ်ကတည်းက ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးတွဲနေပြီဖြစ်တဲ့အကြောင်းကို ၂၀၁၈ ခုနှစ်မှ ကြေညာခဲ့တာဖြစ်ပါတယ်။

Google

သူတို့စုံတွဲလေး လက်ထပ်ခဲ့စဉ်က အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အများကြီးရှိခဲ့ပြီး ရင်သွေးလေး မွေးဖွားခဲ့စဉ်တုန်းကလည်း ဂုဏ်ပြုပေးခဲ့ကြတဲ့ သူတွေ အများကြီးပဲ ဖြစ်ပါတယ်။

Google

အခုအလှူလေးက ပထမဦးဆုံးသားလေးမွေးပြီးနောက်မှာ Choi Tae Joon ရဲ့ ပထမဦးဆုံး အလှူလေးလည်းဖြစ်ပါတယ်။

Google

Choi Tae Joon နဲ့ Park Shin Hye တို့က ဝါသနာတူ ၊ ဘာသာတူ ၊ အလှူအတန်း ရက်ရောတဲ့ စုံတွဲလေးဖြစ်ပြီး သူငယ်ချင်းဆက်ဆံရေးကနေ ချစ်ကြိုက်ခဲ့ကြတာ ဖြစ်တာကြောင့် သူတို့ နှစ်ဦးရဲ့ သံယောဇဉ်က အရမ်းကိုခိုင်မြဲပါတယ်။ ချစ်စရာ အလှူလေးကို မွန်မြတ်တဲ့ ဒါနနဲ့ လုပ်ဆောင်ခဲ့ကြတဲ့ တောင်ကိုရီးယားသရုပ်ဆောင် စုံတွဲ နှစ်ဦးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။