တောင်ကိုရီးယား နာမည်ကြီး အနုပညာရှင်စုံတွဲဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို စုံတွဲလေးဟာ ပရိသတ်တွေ အရမ်းကို အားပေးပြီး သဘောတူကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက Seoul Family တရားရုံးမှာ ကွာရှင်းပျက်ဆဲခဲ့ကြတာဖြစ်ပြီး ကွာရှင်းခဲ့ချိန်မှ စပြီး အခုအချိန်အထိ အခြား ဘယ်သူနဲ့မှ တွဲနေခြင်း မရှိဘဲ ကင်းကင်းရှင်းရှင်းနေနေကြတာဖြစ်ပါတယ်။ ကွာရှင်းပျက်စဲဖို့အတွက်လျှောက်ထားခဲ့စဉ်က နှစ်ဦးသား အကြောင်းပြချက်တစ်စုံတစ်ရာ မရှိဘဲ သဘောတူ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။

Google

နှစ်ဦးသား ကွာရှင်းခဲ့ကြတဲ့ အချိန်ကလည်း အရမ်းကြီး မကြာဘဲ တစ်လလောက်သာ ကြာခဲ့တယ်လို့ သိရပါတယ်။ ကွာရှင်းပျက်ဆဲကြတာက နှစ်ယောက်စလုံးအတွက် နာကျင်စရာ ကိစ္စကြီးဖြစ်ပေမယ့် အဲဒီထဲကမှ ဘယ်သူက ပိုပြီး နာကျင်ရမယ်လို့ ထင်လဲဆိုတာကို ပရိသတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။

Google

ကွာရှင်းပြီးနောက်မှာ ဆောင်းဂျွန်ကီရဲ့ အလုပ်ပရောဂျက်တွေ ပျက်စီးသွားခဲ့ရပါတယ်။ ဒါ့အပြင် ဆောင်းဂျွန်ကီ ပါဝင်သရုပ်ဆောင်ထားတဲ့ Arthdal Chronicles ဇာတ်လမ်းတွဲကလည်း မကောင်းတဲ့ မှတ်ချက်တွေ ရရှိခဲ့ပါတယ်။ ဆောင်းဂျွန်ကီက ကွာရှင်းပြီးနောက်မှာ ခံစားနိုင်ကောင်း ခံစားရပေမယ့် သူ့ရဲ့ ခံစားချက်တွေကို ပေါ်တင် ထုတ်မပြဘဲ တိတ်ဆိတ်စွာနေခဲ့ပါတယ်။

Google

ဆောင်းဟေကိုက တော့ ကွာရှင်းပြီးနောက်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ အနုပညာလှုပ်ရှားမှုတွေဆီကနေ အနားယူသွားခဲ့ပါတယ်။ သူမဟာ ကွာရှင်းပြီးနောက်မှာ သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ မဟုတ်မမှန် သတင်းလွှင့်နေသူတွေကိုလည်း တရားစွဲဖို့အထိ လုပ်ဆောင်ခဲ့ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး အထိခိုက်မခံနိုင်လောက်အောင် အရမ်းနာကြင်ခဲ့ရတဲ့ ဆောင်းဟေကိုဟာ နာကြင်မှုတွေကို အားယူပြီး သင်ခန်းစာတစ်ခုအဖြစ် တိုက်ယူနေတုန်းပဲ ဖြစ်တယ်လို့ သိရပါတယ်။

Google

ဆောင်းဂျွန်ကီက နာကြင်မှုတွေကို  မထုတ်ပြခဲ့လို့လားတော့ မသိပေမယ့် ကွာရှင်းပြီးတဲ့နောက်မှာ ဆောင်းဟေကို ရဲ့ နာကြင်မှုက ပိုပြီး ဆိုးရွားခဲ့တယ်လို့ လူတော်တော်များများ မှတ်ယူခဲ့ကြပါတယ်။  ကဲ .. ပရိသတ်ကြီး ရော .. ဘယ်လိုထင်လဲ..ဆောင်းဆောင်းစုံတွဲထဲမှာ ဘယ်သူရဲ့ နာကြင်မှုက ပိုပြီးနာကြင်ရတယ်လို့ ထင်လဲ ဖြေသွားခဲ့ကြပါဦးနော်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။