ကမ္ဘာ့အကြီးဆုံးရေတံခွန်ကို သင့်အနေနဲ့ ရေမျက်နှာပြင်အပေါ်ပိုင်း ကုန်းပေါ်ကနေ မြင်ရမယ်လို့တော့ မထင်ပါဘူး။ အကြောင်းကတော့ ရေတံခွန်ဟာ ကုန်းပေါ်မှာမဟုတ်ပဲ ရေအောက်မှာရှိနေလို့ပါ။ ကမ္ဘာမြေကြီးပေါ်မှာ စီးဆင်းနေတဲ့ မြစ်များဟာ သဘာဝ အံ့ဖွယ်ကောင်းတဲ့ ရေတံခွန်များကို ဖန်တီးကာ သန်းနှင့်ချီတဲ့ ဧည့်သည်များကို သူတို့ရဲ့ ရင်သပ်ရှုမောဖွယ် အလှတရား၊ ခမ်းနားမှုနှင့် စွမ်းအားများဆီကို ဆွဲဆောင်လျက်ရှိပါတယ်။ ဒါပေမယ့် သမုဒ္ဒရာအောက်မှာဆိုရင် တခြားရေတံခွန်တွေထက် ပိုကြီးတဲ့ သို့မဟုတ် ပိုအားကောင်းတဲ့ ရေတံခွန်ဟာ ကျွန်တော်တို့ရဲ့ မြင်ကွင်းကို ဖုံးကွယ်ထားပါတယ်။

အမှန်ပါပဲ။ ကမ္ဘာ့အကြီးဆုံးရေတံခွန်ဟာ အိုက်စလန်နဲ့ ဂရင်းလန်းကို ပိုင်းခြားထားတဲ့ ဒိန်းမတ်ရေလက်ကြားအောက်မှာ တည်ရှိနေပါတယ်။ ရေလက်ကြားအောက်ခြေမှာ မျက်နှာပြင်အောက် ပေ 2,000 မှစတင်ကာ ဂရင်းလန်းရဲ့ တောင်ဘက်စွန် ပေ 10,000 အနက်ကို ကျဆင်းသွားကာ နှစ်မိုင်နီးပါးအတွင်း ရေများ ဆက်တိုက်ကျဆင်းနေပါတယ်။


ဒါပေမယ့် သမုဒ္ဒရာထဲမှာ ရေတံခွန်တွေ ဘယ်လိုရှိနိုင်မလဲ။ ဘာကြောင့်လဲဆိုတော့ ရေအေးဟာ ပူနွေးတဲ့ရေထက် ပိုမိုသိပ်သည်းတာကြောင့်ဖြစ်ပါတယ်။ ဒိန်းမတ်ရေလက်ကြားမှာ နော်ဒစ်ပင်လယ်မှ တောင်ဘက်ကို စီးဆင်းနေတဲ့ ရေအေးဟာ Irminger ပင်လယ်မှ စီးဆင်းလာတဲ့ ပိုနွေးတဲ့ရေနှင့် ဆုံတွေ့ပါတယ်။ အေးပြီးသိပ်သည်းတဲ့ရေဟာ ပူနွေးတဲ့ ရေအောက်မှာ လျင်မြန်စွာ နစ်မြုပ်သွားပြီး သမုဒ္ဒရာကြမ်းပြင်ပေါ် စီးဆင်းကာ တစ်စက္ကန့်လျှင် ခန့်မှန်းခြေ ကုဗပေ ၁၂၃ သန်းကျော် အောက်ကိုစီးဆင်းစေပါတယ်။ ဒါပေမယ့် သမုဒ္ဒရာမျက်နှာပြင်အောက်မှာ စီးဆင်နေတာကြောင့် ဒိန်းမတ်ရေလက်ကြားရဲ့ ပြင်းထန်တဲ့ လှိုင်းလုံးကြီးဟာ သိပ္ပံဆိုင်ရာကိရိယာများအကူအညီမပါဘဲ လုံးဝမသိရှိနိုင်ပါဘူး။ ရေအောက်ရေတံခွန်ဆိုတော့ ထူးဆန်းတယ်မလား။

သတင်းအရင်းမြစ်: NOAA
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။