တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင် စုံတွဲဖြစ်တဲ့ သရုပ်ဆောင် Lee Byung-hun နဲ့ Lee Min-jung တို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ ၉ နှစ်တင်းတင်း ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ Lee Min-jung က သူမရဲ့ အင်စတာဂရမ် စတိုရီပေါ်မှာ သြဂုတ်လ ၁၀ ရက်နေ့က “ပျော်ရွှင်သော ၉ နှစ်ပြည့် နှစ်ပတ်လည်” ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံလေးတွေ အများကြီး တင်ပေးလာခဲ့ပါတယ်။

Instagram

ဓာတ်ပုံလေးတွေကို လွန်ခဲ့တဲ့ ၉ နှစ် ၊ မင်္ဂလာအချိန်တုန်းက ရိုက်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှ ပြန်လည် ဝေမျှခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ဓာတ်ပုံထဲမှာ ပုံမှန်မဟုတ်တဲ့ ပုံစံလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

Google
Google

Lee Min-jung က တစ်ခါတုန်းကလည်း Lee Byung-hun က သူမကို ဗီဒီယိုလေး တစ်ခုလုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အကြောင်းကို အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ Lee Min-jung က အဲဒီအချိန်တုန်းက မျက်ရည်တွေနဲ့ ခံစားချက်တွေ မထိန်းနိုင်ဘဲ ပျော်ရွှင်ခဲ့ရတယ်လို့လည်း ဆိုခဲ့ပါတယ်။

Google

တောင်ကိုရီးယား မင်းသမီး Lee Min-jung က မင်းသား Lee Byung-hun နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားဦးလေးတစ်ယောက် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးသားရဲ့ အိမ်ထောင်ရေးလေးက အခက်အခဲ အတားအဆီးတွေ ရှိခဲ့ပေမယ့်လည်း အခုဆိုရင် ၉ နှစ်တောင် ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။