ဆောင်းဂျွန်ကီ နဲ့ ဆောင်းဟေကို တို့ စုံတွဲလေးရဲ့ ကြင်စဦးအိမ်လေးရဲ့ တန်ဖိုးက တောင်ကိုရီးယားဝမ် ၁၀ ဘီလီယံကျော်အထိ တိုးသွားတယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်းမြို့ ၊ Itaewon-dong ၊ Yongsangu မှာ တည်ရှိတာဖြစ်ပါတယ်။ ခေတ်ကာလပြောင်းလဲလာတာ နဲ့ အမျှ အိမ်ဈေးတွေလည်း တက်လာတာကြောင့် သူတို့ရဲ့ဈေးက မူရင်းဈေးထက် ၂ ဆ အထိ တက်သွားခဲ့ပါတယ်။

Google

ဆောင်းဂျွန်ကီ က အဆိုပါ ကြင်စဦးအိမ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းက တောင်ကိုရီးယားဝမ် ၁၀ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အိမ်ကြီးရဲ့ အကျယ်က ၉၉၂ စတုရန်းမီတာ ခန့်ကျယ်ဝန်းပြီး အရမ်းကိုလှပပါတယ်။ လက်ရှိမှာဆိုရင် ဆောင်းဂျွန်ကီဝယ်ယူခဲ့တဲ့ ကြင်စဦးအိမ်လေးရဲ့ တန်ကြေးက ၂၀ ဘီလီယံအထိ ရှိနေပြီပဲ ဖြစ်ပါတယ်။ ဆောင်းဂျွန်ကီ က ဆောင်းဟေကို နဲ့ အိမ်ထောင်ကျခါစမှာ ဝယ်ယူခဲ့တဲ့ အိမ်လေး ဖြစ်တာကြောင့် ဒီအိမ်လေးက ဆောင်းဆောင်း စုံတွဲလေးရဲ့ အမှတ်တရတွေ များစွာရှိနေတဲ့ အိမ်လေးဖြစ်ပါတယ်။

Google

ဆောင်းဆောင်းစုံတွဲလေးရဲ့ ကြင်စဦး အိမ်လေးရဲ့ သက်တမ်းက ၅ နှစ်လောက်ရှိနေပြီဖြစ်ပါတယ်။ အိမ်လေးကို ပြန်လည် ပြင်ဆင်မှုတွေ အများကြီး ထပ်ပြီး လုပ်နေပေမယ့် အိမ်လေး အပြီးထိ မပြီးခင်မှာပဲ ဆောင်းဆောင်းစုံတွဲက ကွာရှင်းခဲ့ကြပါတယ်။

Google

ဆောင်းဂျွန်ကီပိုင်ဆိုင်တဲ့ အိမ်ခြံမြေတွေရဲ့ တန်ဖိုးက တောင်ကိုရီးယားဝမ် ၅၀ ဘီလီယံလောက် တန်ကြေးရှိနေတာကြောင့် လက်ရှိမှာ ဆောင်းဂျွန်ကီက တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး အိမ်ခြံမြေ သူဌေးကြီးတစ်ယောက် ဖြစ်နေပါပြီ။

Google

ဆောင်းဂျွန်ကီ လက်ရှိနေထိုင်နေတဲ့ အိမ်က Nine One Hannam complex မှာဖြစ်ပြီး ခန့်မှန်းခြေ ၉.၅ ဘီလီယံ ဝမ်လောက်တန်ကြေးရှိပါတယ်။ ဆောင်းဆောင်း စုံတွဲလေးရဲ့ ကြင်စဦး အိမ်ဟာဆိုရင်လည်း ဆောင်းဂျွန်ကီပဲ ဝယ်ယူထားတာကြောင့် လက်ရှိမှာ အိမ်ကို ဆောင်းဂျွန်ကီကပဲ ပိုင်ဆိုင်လျက်ရှိပါတယ်။ မူရင်းတန်ဖိုးထက် နှစ်ဆ မြင့်တက်နေပေမယ့် ဆောင်းဂျွန်ကီက အိမ်လေးကို ရောင်းဖို့ မလုပ်ဘူးလို့ သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။