တောင်ကိုရီးယားအနုပညာလောကမှာ နာမည် တစ်ခါပျက်ဖူးသွားရင် အရင်အတိုင်း ပြန်ဖြစ်ဖို့က အရမ်းကို ခက်ခဲပါတယ်။ အဲဒီထဲမှာ နာမည်အရမ်းကြီးတဲ့သူတွေဆို ဝေဖန်ခံရတာ ပိုပြီး များပါတယ်။ ဒီအထဲမှာမှ နာမည်ပျက်ပြီး ပရိသတ်တွေဆီကနေ ပြန်ပြီးလက်ခံခြင်း မခံခဲ့ရပေမယ့် အနုပညာလောကထဲကို ပြန်ဝင်ဖို့ ကြိုးစားခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးသွားပါမယ်။

၁။ Sunye (Wonder Girls အဖွဲ့ဝင်ဟောင်း)

Google

Sunye က Wonder Girls အဖွဲ့ဝင်အဖြစ် ၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ လက်ထပ်ပြီး အဖွဲ့ထဲကနေ ထွက်ခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပြီးနောက် အဖွဲ့ထဲကနေ ထွက်ပြီးတဲ့နောက်မှာ Sunye ဟာ ကနေဒါနိုင်ငံကို ပြောင်းရွှေ့ခဲ့ပါတယ်။

Sunye က Wonder Girls အဖွဲ့ကနေ ထွက်လာခဲ့ပြီးတဲ့နောက်မှာဝေဖန်ခံရမှုတွေ များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Sunye က စာချုပ်မပြီးခင်မှာပဲ ထွက်လာခဲ့တာကြောင့် ဖြစ်ပါတယ်။

Google

Netizen တွေ အများစုက Sunye  ကို အနုပညာလောက နေ အနားယူသွားခဲ့ပြီလို့ ယူဆခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ Sunye  က Polaris Entertainment နဲ့ အတူ အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်လာခဲ့ပါတယ်။ ဒါကြောင့် Sunye ဟာ အဖွဲ့သားတွေ အပေါ် သစ္စာဖောက်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ဆိုပြီး ပရိသတ်တွေ များစွာရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

၂။ Park Yoochun (Former member of JYJ)

Google

၂၀၁၉ ခုနှစ်မှာ Park Yoochun က ဆေးမှုတွေ ၊ လိင်အကြမ်းဖက်မှုတွေ အပါအဝင် များပြားလှတဲ့ အမှုတွေကြောင့် အနုပညာလှုပ်ရှားမှုကနေ အနားယူခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာ Park Yoochun ဟာ အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်ဆိုတဲ့ သတင်းနဲ့ ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ခဲ့ပြန်ပါတယ်။ Park Yoochun ပထမဦးဆုံး အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်ခဲ့တဲ့ အရာက ဓာတ်ပုံစာအုပ်တွေ ရောင်းခြင်းနဲ့ ဖြစ်ပါတယ်။

Google

ဒါပေမယ့်လည်း Netizen တွေက Park Yoochun အနုပညာလမ်းကြောင်းပေါ်ကို ပြန်ရောက်လာတာကို မကြိုဆိုခဲ့ပါဘူး။ Park Yoochun ဟာ များပြားလှတဲ့ မှုခင်းတွေကို လုပ်ခဲ့တာကြောင့် အနုပညာလမ်းကြောင်းထက်ဆီကို ဘယ်တော့မှ ပြန်ပြီး မဝင်လာသင့်တော့တဲ့သူလို့ ပရိသတ်တွေက တထစ်ချယုံကြည်ခဲ့ပါတယ်။

၃။ T.O.P (BIGBANG အဖွဲ့ဝင် )

Google

နောက်ဆုံး တစ်ယောက်ကတော့ T.O.P ဖြစ်ပါတယ်။ T.O.P က အနုပညာလမ်းကြောင့်ထက်ဆီကို ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုပြီး ကြေညာခဲ့တဲ့သူဖြစ်ပါတယ်။ T.O.P က ၂၀၁၇ ခုနှစ်မှာ Han Seo Hee နဲ့အတူ ဆေးခြောက် သုံးစွဲခဲ့တဲ့ ပြစ်မှုနဲ့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

Google

မကောင်းသတင်း ထွက်ရှိပြီးတဲ့ အချိန်က စပြီး T.O.P က Netizens တွေ ဆီကနေ မကောင်းတဲ့ သတင်းတွေ များစွာ ရရှိခဲ့ပါတယ်။ T.O.P ကို ပရိသတ်တွေရဲ့ ဝေဖန်ချက်တွေ အများဆုံး ရရှိခဲ့တဲ့ အချိန်ကတော့ ၂၀၁၉ ခုနှစ်မှာပဲ ဖြစ်ပါတယ်။ T.O.P ကို Netizen တွေက အင်စတာဂရမ်ပေါ် ဘယ်တော့မှ ပြန်တက်မလာဖို့နဲ့ အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီကို ဘယ်တော့မှ မတက်လာတော့ဖို့ ပြောခဲ့ကြပါတယ်။  T.O.P ဘက်ကလည်း အနုပညာရှင်တစ်ယောက်အဖြစ်နဲ့ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Youtube

T.O.P က YG Entertainment ကနေ ထွက်သွားပြီလို့လည်း ကြေညာခဲ့ပေမယ့် မကြာသေးမီက ထွက်ရှိခဲ့တဲ့ BIGBANG ရဲ့ Still Life အယ်လ်ဘမ်မှာ ပါဝင်လာခဲ့ပါတယ်။ T.O.P က လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို တစ်စ တစ်စ နဲ့ ပြန်လည် လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေက လက်ခံကြိုဆိုတဲ့သူရှိသလို ပြန်လက်မခံနိုင်တော့ဘဲ ပြစ်တင်ဝေဖန်နေတဲ့ သူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။

Instagram
Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။