KBS2TV ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Love Recall အစီအစဉ်ကို သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှာ တောင်ကိုရီးယားမင်းသမီး Sung Yu-ri က သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို ပြောပြပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှု ရရှိခဲ့ပါတယ်။

Google

အဆိုပါ အစီအစဉ်မှာ Sung Yu-ri က သူမ အိမ်ထောင်ကျသွားပြီးနောက်မှာ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ ခရီး အတူတူ ထွက်ခဲ့ကြောင်း ၊ ခရီးကို ယောကျာ်းလေး သူငယ်ချင်းနဲ့ နှစ်ယောက်တည်း ထွက်ခဲ့တာမဟုတ်ဘဲ သူငယ်ချင်း ၄ ယောက် ၅ ယောက်နဲ့ ထွက်ခဲ့တာဖြစ်ကြောင်း သူမရဲ့ ခင်ပွန်းဖြစ်သူက နားလည် လက်ခံပေးခဲ့ကြောင်း ခင်ပွန်း ဖြစ်သူကိုသာ မိန်းကလေးတွေနဲ့ အဲဒီလိုမျိုးတွေ့မယ်ဆိုရင် သူမအနေနဲ့ ခွင့်လွှတ်မှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

Google

Sung Yu-ri က သဘောထားကြီးတဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူအကြောင်းကို ဖွင့်ဟ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Sung Yu-ri က One Fine Day ၊ Romance Town ၊ Thousand Years of Love စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ကို တခဲနက် ရရှိဖူးခဲ့တဲ့သူဖြစ်ပါတယ်။

Google
Google

Sung Yu-ri ရဲ့ အသက်က ၄၁ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့လက်ထပ်ခဲ့ပါတယ်။ လက်ရှိမှာ Sung Yu-ri က အနုပညာလှုပ်ရှားမှုတွေကနေ နားထားပြီး ချစ်စရာ ရင်သွေးလေးနှစ်ယောက်နဲ့ ဘဝကြီးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။