တောင်ကိုရီးယားမင်းသမီး Kim Hyun Joo ဟာဆိုရင် ၁၉၉၆ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့သူဖြစ်ပြီ လက်ရှိအချိန်အထိလည်း နာမည်ကျဆင်းသွားခြင်းမရှိဘဲ အနုပညာလမ်းကြောင်းထက်ဆီမှာ ရှိနေတုန်းပဲ ဖြစ်ပါတယ်။

Google

Kim Hyun-joo ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေက Glass Slippers (2002) ၊ Toji, the Land (2004) ၊ Twinkle Twinkle (2011) ၊ What Happens to My Family? (2014) နဲ့ I Have a Lover (2015) ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။

Google
Google

Kim Hyun-joo  ရဲ့ နောက်ပိုင်း ဇာတ်လမ်းတွဲတွေက ဇာတ်လမ်း ၊ ဇာတ်အိမ်မကောင်းတာကြောင့် ပရိသတ်တွေ ရင်ထဲကို သိပ်မရောက်ခဲ့ပေမယ့်လည်း ဒါရိုက်တာတွေ နဲ့ ပရိုဂျူဆာတွေကတော့ Kim Hyun-joo ရဲ့ သရုပ်ဆောင်ပိုင်းကို ကြိုက်နေကြတုန်းပဲ ဖြစ်ပါတယ်။

Google

ဒါကြောင့် သူမရဲ့ ဇာတ်လမ်းတွဲတွေက သိပ်ပြီး မအောင်မြင်ခဲ့ပေမယ့် Kim Hyun-joo ရဲ့ ဇာတ်လမ်းတွေက ထပ်ပြီး ထွက်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ Kim Hyun-joo ပူပူနွေးနွေး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေက ၂၀၂၁ ခုနှစ်မှာ Undercover နဲ့ Hellbound ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ Love All Play နဲ့ Trolley ဇာတ်လမ်းတို့ ဖြစ်ပါတယ်။

Trolley Poster

Trolley က လက်ရှိမှာ ရိုက်ကူးနေဆဲပဲ ဖြစ်ပါတယ်။ မကြာသေးမီက ပရိသတ်တွေရဲ့ fansite တစ်ခုကနေပြီး မမ Kim Hyun-joo နေပူပူထဲမှာ ဇာတ်လမ်းတွဲ ရိုက်ကူးနေတဲ့ ပုံရိပ်လေးကို ဝေမျှပေးလာခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာ ဆံပင်တိုတိုလေးနဲ့ ပေါ့ပါးနေတဲ့ Kim Hyun-joo က လက်ကိုင်ပန်ကာလေးကို ကိုင်ပြီး ပူပြင်းတဲ့နွေရာသီကို အံတုနေတာဖြစ်ပါတယ်။

Google

Kim Hyun-joo က လက်ရှိမှာ အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ငယ်ရွယ်နုပျိုနေတုန်းပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်လျက်ရှိတဲ့ တစ်ချိန်က လီဆောင်းဦးခေါ် ဂွီဒေါက်မင်းသမီး Kim Hyun-joo ရဲ့ အလုပ်ကြိုးစားနေတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။