တောင်ကိုရီးယားမင်းသမီး Han Ji-hye ဟာဆိုရင် သရုပ်ဆောင်အရမ်းကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဆုတွေများစွာ သိမ်းကြုံးရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Han Ji-hye ဟာ Summer Scent ၊ May Queen ၊ Sweet 18 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

Google
Google
Google

လက်ရှိမှာဆိုရင် Han Ji-hye ရဲ့ အသက်က ၃၈ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ Han Ji-hye က သူမရဲ့ ခင်ပွန်းနဲ့ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မှာ သမီးးဦးလေးတစ်ယောက် ဖွားမြင်ခဲ့ပါတယ်။ Han Ji-hye ရဲ့ သမီးလေးက အမေနဲ့ အရမ်းတူပြီး သိပ်ကို ချစ်ဖို့ကောင်းပါတယ်။

Instagram
Instagram
Instagram

ပရိသတ်တွေက Han Ji-hye ရဲ့ သမီးလေးကို စပြီးမွေးလာကတည်းက အရမ်းချစ်ကြပြီး သမီးလေးရဲ့ ပုံရိပ်လေးကို အမြဲတင်ပေးနေကြဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း Han Ji-hye က သူမနဲ့ ရုပ်ချင်းတူတဲ့ ဝဝတုတ်တုတ် သမီးလေးရဲ့ ပုံရိပ်လေးကို အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတွေ့ရတဲ့ သမီးလေးက Han Ji-hye နဲ့ ရုပ်ချင်းတော်တော်တူတာကြောင့် နှစ်ယောက်တွဲတွေ့လိုက်တဲ့အချိန်မှာ တစ်ရုပ်တည်းလားလို့တောင် အထင်မှားမိပါတယ်။ Han Ji-hye ရဲ့သမီးလေးကို Princess Bang Gap လို့ချစ်စနိုးနဲ့ခေါ်ကြပါတယ်။

Instagram
Instagram
Instagram

ချစ်ဖို့ကောင်းပြီး မေမေနဲ့ ရုပ်ချင်းတူလှတဲ့ တောင်ကိုရီးယားမင်းသမီး Han Ji-hye ရဲ့ သူမရဲ့ သမီးလေး ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

Instagram
Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။