ဟာသသရုပ်ဆောင် ဦးခင်လှိုင်ဟာဆိုရင် အနုပညာလောကထဲမှာ ၀ါရော သဘာရော ရှိတဲ့ ၀ါရင့်အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ ။

ကျရာ ဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပြီး ခုချိန်ထိ အနုပညာလှုပ်ရှားမှုတွေ မပြတ်လုပ်နေဆဲဖြစ်ကာ ခေတ်ရေစီးကြောင်းကိုအမှီလိုက်နိုင်တဲ့

အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ် ။

ဦးခင်လှိုင်ရဲ့ သားဖြစ်တဲ့ နေရဲကလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီး ဖခင်ရဲ့ခြေရာကို

နင်းနိုင်ဖို့ကြိုးစားနေတဲ့ အနုပညာမျိုးဆက်သစ်တစ်ယောက်လည်းဖြစ် သမီးလေးကလည်း အချောအလှလေးမို့ ဦးခင်လှိုင်ရဲ့ မိသားစုလေးကိုလည်း

ပရိတ်သတ်တွေက ချစ်လို့နေတာပါ ။ ခုလည်း သားလေးနဲ့ သမီးလေးက ဦးခင်လှိုင်ပါ၀င်သရုပ်ဆောင်ထားတဲ့ သိုက်ကလာတယ် စကားမပြောဘူးဆိုတဲ့

ဇာတ်ကားကြီးကို သွားကြည့်ပြီး ရုပ်ရှင်ရုံရှေ ့က ဖခင်ဖြစ်သူရဲ့ ပုံနဲ့ အမှတ်တရတွဲလို ့ ဓါတ်ပုံရိုက်လာခဲ့ပါတယ် ။

"သိုက်ကလာတယ် စကားမပြောဘူး" ရုပ်ရှင်ကား သွားကြည့်ရင်း ဖေဖေ နဲ့ တွေ့လို့ ဓာတ်ပုံရိုက် လိုက်တယ် လို့ဆိုတဲ့ သူတို့ရဲ့ ချစ်စရာပုံလေးတွေကိုကြည့်ကြရအောင်နော် ...  

သတင်းအရင်းမြစ် Nay Ye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။