BLACKPINK အဖွဲ့ဟာဆိုရင် ရုပ်ရည်ချောမောလှပပြီး စွမ်းဆောင်ရည်ပြည့်ဝကြရုံသာမက ပရိသတ်တွေကိုလည်း ဂရုစိုက်ပေးတတ်တဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေက ပရိသတ်တွေဆီက ရရှိတဲ့ လက်ဆောင်ပစ္စည်းတွေကို ဈေးနည်းနည်း ဈေးကြီးကြီး တန်ဖိုးထား ဝတ်ဆင်လေ့ရှိကြပါတယ်။

Google

မကြာသေးမီကလည်း Jennie က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ အရုပ်မလေးတစ်ရုပ်လိုမျိုး လှပချောမောနေတဲ့ ဓာတ်ပုံလေးတစ်ပုံ တင်ပေးခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာတွေ့ရတဲ့ ဂါဝန်လေးက သာမန်ထက်ပိုပြီး ထူးခြားနေတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာလည်း မြင့်တက်နေခဲ့ပါတယ်။ Jennie ဝတ်ထားတဲ့ ဝတ်စုံလေးရဲ့ တန်ဖိုးက ဒေါ်လာ ၂၈၉ ကျပ်သာ တန်ဖိုးရှိတဲ့ Danish အမှတ်တံဆိပ်ဖြစ်ပါတယ်။ အဆိုပါ လက်ဆောင်လေးကို Jennie ရဲ တရုတ်ပြည်က ပရိသတ်တွေက ပေးခဲ့တာလို့ သိရပါတယ်။ ဈေးအရမ်းမမြင့်ပေမယ့် Jennie က ပရိသတ်တွေ ပေးတဲ့ ပစ္စည်းကို တန်ဖိုးထား ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေ လက်ဆောင်ပေးတဲ့ ဂါဝန်လေး 
ပရိသတ်တွေ လက်ဆောင်ပေးတဲ့ ဂါဝန်လေး 
ပရိသတ်တွေ လက်ဆောင်ပေးတဲ့ ဂါဝန်လေး 

နောက်တစ်ယောက်ကတော့ Blackpink အဖွဲ့ဝင် Jisoo ဖြစ်ပါတယ်။ Jisoo က ပရိသတ်တစ်ယောက်ပေးတဲ့ ပစ္စည်းလေးကို တန်ဖိုးထားပြီး အချိန်ကြာမြင့်စွာ အသုံးပြုခဲ့ပါတယ်။ Jisoo ကို ပရိသတ်တစ်ယောက်က ၂၀၁၈ ခုနှစ်မှာ  Dior Lip Glow နှုတ်ခမ်းနီလေး ပေးခဲ့ပါတယ်။ အဲဒီ လက်ဆောင် နှုတ်ခမ်းနီလေးကို Jisoo က ၂၀၂၁ ခုနှစ်အထိ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲခဲ့တာဖြစ်ပါတယ်။ ၃ နှစ်ကြာသွားခဲ့ပြီဆိုပေမယ့် ပရိသတ်ပေးတဲ့ ပစ္စည်းကိုတန်ဖိုးထားပြီး သိမ်းဆည်းအသုံးပြုဆဲ ဖြစ်တဲ့ Jisoo ကို ပရိသတ်တွေကလည်း အရမ်းကို အံ့အားသင့် ခဲ့ကြပါတယ်။

ပရိသတ်တစ်ယောက်ရဲ့ ၃ နှစ်ကြာ နှုတ်ခမ်းနီလေး 
ပရိသတ်တစ်ယောက်ရဲ့ ၃ နှစ်ကြာ နှုတ်ခမ်းနီလေး 

နောက်တစ်ယောက်ကတော့ မနှင်းဆီခေါ် Rose ဖြစ်ပါတယ်။ Rose က ဒေါ်လာ ၂၀ တန်ဖိုးသာရှိတဲ့ ဗီယက်နမ် ပရိသတ် တစ်ယောက်ပေးတဲ့ တန်ဖိုးနည်း လက်ဆောင်လေးကို တန်ဖိုးထားပြီ အသုံးပြုခဲ့ပါတယ်။ ဒေါ်လာ ၂၀ တန် တန်ဖိုးနည်း ခေါင်းစည်းကြိုးလေးကို Rose က သူမရဲ့ လက်ကောက်ဝတ်လေး မှာရော ခေါင်းမှာပါ ပန်ဆင် ဝတ်ဆင်ပါတယ်။

တန်ဖိုးနည်း ခေါင်းစည်းကြိုးလေးကိုဝတ်ဆင်ခဲ့တဲ့ Rose 
တန်ဖိုးနည်း ခေါင်းစည်းကြိုးလေးကိုဝတ်ဆင်ခဲ့တဲ့ Rose 
တန်ဖိုးနည်း ခေါင်းစည်းကြိုးလေးကိုဝတ်ဆင်ခဲ့တဲ့ Rose 

နောက်တစ်ယောက်ကတော့ Lisa ဖြစ်ပါတယ်။ Lisa က တောင်ကိုရီးယားမှာ အိမ်ဝယ်ပြီးနောက်မှာ ပရိသတ်တွေ ပေးတဲ့ လက်ဆောင် ပစ္စည်းလေးတွေကို အိမ်ရဲ့ သီးသန့်နေရာလေးမှာ စီရရီလေး ထားထားတာဖြစ်ပါတယ်။ သူမရဲ့ အိမ်ထဲကို စဝင်လိုက်တာနဲ့ ပရိသတ်တွေ ပေးတဲ့ လက်ဆောင်လေးတွေကို ထင်ရှားစွာ တွေ့ရပါတယ်။ ဒါက လည်း ပရိသတ်တွေကို တန်ဖိုးထားကြောင်း ပြသတဲ့ Lisa ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

Lis‌a ရဲ့ အိမ်ထဲ တစ်နေရာမှာတွေ့ရတဲ့ ပရိသတ်တွေ ပေးတဲ့ လေသန့်စက်လေး 

ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေကို တန်ဖိုးနည်းသည်ဖြစ်စေ တန်ဖိုးများသည်ဖြစ်စေ ဂရုတစိုက် ဝတ်ဆင်ခဲ့ကြတဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ ပုံရိပ်လေးကို ကြည်နူးဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။