တောင်ကိုရီးယားမင်းသမီး Lee In-hye ဟာဆိုရင် သူမထက်အသက် ၁ နှစ်ငယ်တဲ့ သွားဆရာဝန်လေးနဲ့ ဒီကနေ့ဩဂုတ်လ ၆ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သတို့သားက နာမည်ကြီးမဟုတ်တာကြောင့်မင်္ဂလာအခမ်းအနားကို မိသားစုဝင်တွေ ၊ ဆွေမျိုးသားချင်းတွေနဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာအကျဉ်းချုံး ကျင်းပသွားမှာလို့ သိရပါတယ်။ Lee In-hye ရဲ့အသက်က ၄၁ နှစ်ဖြစ်ပြီး သူမ သတို့သားရဲ့ အသက်ကတော့ ၄၀ နှစ်ဖြစ်ပါတယ်။ 

Google
Google
Google

Lee In-hye က သူမ မင်္ဂလာဆောင်တော့မယ့်အကြောင်းကို သတို့သမီး ဝတ်စုံဓာတ်ပုံလေးတွေနဲ့ ကြိုတင်အသိပေးခဲ့တာဖြစ်ပြီး ဒီနေ့မှ မင်္ဂလာဆောင် အခမ်းအနားကို အကောင်အထည်ဖော် ကျင်းပ ခဲ့ကြတာဖြစ်ပါတယ်။ 

Google
Google
Google

ပြီးခဲ့တဲ့ လ ၂၈ ရက်နေ့တုန်း ကလည်း Lee In-hye က  အင်စတာဂရမ်စာမျက်နှာပေါ်မှာ သူမရဲ့မင်္ဂလာပွဲကို ဂုဏ်ပြုပေးကြလို့ ကျေးဇူးတင်ကြောင်း ၊ မင်္ဂလာပွဲကို လူစေ့အကုန် မဖတ်ကြားနိုင်တဲ့အတွက်လည်း အရမ်းကိုစိတ်မကောင်းဖြစ်မိကြောင်း ၊ အဖိတ်မခံရတဲ့ သူတွေရှိရင်လည်း နားလည်ပေးကြဖို့ တောင်းဆိုလိုကြောင်း အသိပေးခဲ့ပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသမီး Lee In-hye က Graceful Friends ၊ I Am the Mother Too ၊ My Fair Lady စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှု တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ 

Google

Lee In-hye က မင်းသမီးတစ်ယောက်ဖြစ်ရုံသာမက ပရော်ဖက်ဆာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကလက်ရှိမှာ Golden Spoon ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။