သရုပ်ဆောင်အလုပ်ဆိုတာ အလွန် အန္တရယ်များပြီး ခက်ခဲကြမ်းတမ်းတဲ့ အလုပ်ဖြစ်ပါတယ်။ အဆိုးရွားဆုံးအခြေအနေတွေမှာ သရုပ်ဆောင်တွေက အသက်သေမလိုတောင် ဖြစ်ကြရပါတယ်။ အဲဒီထဲကမှ ရိုက်ကွင်းထဲမှာသေမလိုဖြစ်ခဲ့ကြတဲ့ တောင်ကိုရီးယား မင်းသား မင်းသမီး အချို့ ဖော်ပြပေးသွားပါမယ်။ 

Kang Dong Won

Google

တောင်ကိုရီးယားမင်းသားကြီး Kang Dong Won ဟာ ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးတဲ့ မင်းသားတစ်လတ်ဖြစ်ပါတယ်။ Kang Dong Won ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတွေက Too Beautiful To Lie ၊ Temptation of Wolves ၊ Secret Reunion နဲ့ နောက်ဆုံးထွက်ထားတဲ့  Broker ဇာတ်လမ်းတို့ ဖြစ်ပါတယ်။ Kang Dong Won  ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေ အများစုက အက်ရှင်ဇာတ်ဝင်ခန်းတွေ ဖြစ်တာကြောင့် သူ့အတွက်လည်း စိန်ခေါ်မှုအရမ်းများပါတယ်။ 

Google

Kang Dong Won  ဟာ Master ဇာတ်လမ်းတွဲမှာ ချွန်ထက်တဲ့ ဖန်စတစ်ခုနဲ့ လည်ပင်းကို ထိုးမိတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အလုပ်တွေအရမ်းများနေပြီး အရမ်းအလျင်လိုနေတဲ့အချိန်ဖြစ်တာကြောင့် Kang Dong Won က လည်ပင်းက ဖန်စ ကို ကိုယ်တိုင်ဆွဲထုတ်ခဲ့ရပြီး ပွင့်နေတဲ့ ဒဏ်ရာကို ဆေးအလုပ်သမားတွေက ပြန်လည် ချုပ်ပေးခဲ့တယ်လို့သိရပါတယ်။ လည်ပင်း ဆိုတဲ့ နေရာမှာ ဖန်စ စိုက်ခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကြီးဖြစ်လို့ တော်တော်ကြောက်ဖို့ ကောင်းလှပါတယ်။ 

Google

Yoo Ah In

Google

တောင်ကိုရီးယားမင်းသား Yoo Ah In ဟာ ဆိုရင်လည်း အကြမ်း အရမ်း အက်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ မင်းသားဖြစ်ပါတယ်။ Yoo Ah In က ၂၀၂၀ ခုနှစ်မှာ Voice of Silence ဇာတ်ကားနဲ့ ဆုတွေအများကြီး ရရှိခဲ့တဲ့ မင်းသားဖြစ်ပြီး သရုပ်ဆောင် ကောင်းလွန်းတာကြောင့် ပရိသတ်တွေ အားပေးမှု တခဲနက် ရရှိခဲ့တဲ့မင်းသားဖြစ်ပါတယ်။  

Google

ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေရရှိဖို့ ရင်းနှီးခဲ့ရတာတွေလည်း အများကြီး ပဲ ဖြစ်ပါတယ်။ Yoo Ah In ဟာVeteran ဇာတ်လမ်းမှာ ကားတိုက်မှုဖြစ်တဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးရင်းနဲ့ မတော်တဆမှု ဖြစ်ခဲ့ဖူးပါတယ်။ တစ်နာရီကို ကီလိုမီတာ ၂၀၀ နဲ့ ကားတစ်စီးကို မောင်းရတဲ့ ဇာတ်ဝင်ခန်းမှာ ရိုက်ကူးရေးအစီအစဉ်ကို ကောင်းမွန်စွာ စီစဉ်ခဲ့ပေမယ့်လည်း မတော်တဆမှု တစ်ခုဖြစ်ခဲ့ပါတယ်။ 

Google

အက်ရှင် ဇာတ်ဝင်ခန်း ရိုက်ကူးရေးလုပ်နေစဉ်မှာ Yoo Ah In  မောင်းလာတဲ့ ကားရဲ့ လေကာမှန်ပွင့်လာတာကြောင့် မေးရိုး ထိခိုက်သွားခဲ့ရတယ်လို့ သိရပါတယ်။ ကံကောင်းသွားတာက ထိခိုက်သွားတဲ့နေရာကနေ ၅စင်တီမီတာလောက်သာ နည်းနည်း ပိုနိမ့်သွားရင် Yoo Ah In  တစ်ယောက်သေချာပေါက် အသက်ဆုံးရှူံးသွားနိုင်တယ်လို့ သိရပါတယ်။ 

Google

Kim Hee Ae နဲ့ Lee Moo Sang

Google

နာမည်ကြီး ဒရမ်မာတစ်ခုဖြစ်တဲ့ The World of the Married ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားမင်းသမီး နှစ်ယောက်ဖြစ်တဲ့ Kim Hee Ae နဲ့  Lee Moo Sang တို့ဟာလည်း သေစေလောက်တဲ့ မတော်တဆမှုကြီးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Google

သူတို့နှစ်ဦးက ပင်လယ်ထဲဆင်းပြီးသေကြောင်းကြံစည်တဲ့ ဇာတ်ဝင်ခန်း ရိုက်ရင်း နှစ်ယောက်စလုံး ရေနစ်သေမလိုအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်ဦးသားက ကမ်းစပ်နားအထိဘဲ ဆင်းခဲ့ကြပေမယ့် ကြီးမားလှတဲ့ လှိုင်းလုံးကြီးတွေရဲ့ ဆွဲချမှုကြောင့်  ကမ်းနဲ့ တော်တော်ဝေးဝေးအထိ ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့သာ အချိန်မီ မကယ်တင်နိုင်ရင် နှစ်ဦးစလုံး ပင်လယ်ကမ်းခြေရဲ့ ကြမ်းပြင်အထိ ရောက်သွားခဲ့လောက်ပြီလို့သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။