တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် သူမရဲ့လုံးချင်းအိမ်ကို ရောင်းချပြီး တောင်ကိုရီးယားဝမ် ၂.၉ ဘီလီယံ  အမြတ်ရရှိပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။  ဒီအကြောင်းအရာကို KBS 2TV ရဲ့ “Entertainment company Live” အစီအစဉ်မှာ သြဂုတ်လ ၄ ရက်နေ့က Celebrity Headlines ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

Google
Google

အဆိုပါ အိမ်ကို ဆောင်ဟေကိုက သူမရဲ့ မိတ်ဆွေ ၊ သူငယ်ချင်းတွေဖြစ်တဲ့ သရုပ်ဆောင် Cha In-pyo နဲ့ Shin Ae-ra တို့ဆီကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အိမ်ရဲ့တည်နေရာက ဆိုလ်းမြို့ ၊ Gangnam-gu ၊ Samseong-dong မှာတည်ရှိပြီး ဖြိုချခါနီးအိမ်ဖြစ်တယ်လို့ သိရပါတယ်။

Google

ဆောင်းဟေကို ဝယ်ယူခဲ့တဲ့အချိန်က ၂၀၀၅ ခုနှစ်မှာဖြစ်ပြီး တောင်ကိုရီးယားဝမ် ၅ ဘီလီယံ သာ ပေးခဲ့ရတယ်လို့ သိရပါတယ်။ အခု ပြန်ရောင်းလိုက်တဲ့အချိန်မှာ ဝမ် ၇.၉ ဘီလီယံရရှိခဲ့တာကြောင့် ၁၇ နှစ်အတွင်းမှာ ဆောင်းဟေကိုက ဝမ်သန်း ၂.၉ သန်းအထိ အမြတ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မမ ဆောင်းဟေကိုရရှိခဲ့တဲ့ အမြတ်က မနည်းမနောပါပဲနော်။

Google

KBS 2TV ရဲ့ Entertainment company Live အစီအစဉ်က နာမည်ကြီး အနုပညာရှင်တွေရဲ့ အိမ်ရာရောင်းချမှုနဲ့ ပတ်သတ်တဲ့ အချက်အလတ်တွေကို ထုတ်ဖော်ဖော်ပြတဲ့ အစီအစဉ်ဖြစ်ပါတယ်။ Entertainment company Live အစီအစဉ်ကို တောင်ကိုရီယားစံတော်ချိန် ကြာသပတေးနေ့ ည ၁၁ နာရီအချိန်တိုင်းမှာ ပြသပါတယ်။ 

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။