တောင်ကိုရီးယား အဆိုတော်နဲ့ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ J. Y. Park ဟာဆိုရင် သူ့ရဲ့သမီးလေးတွေရဲ့ ဓာတ်ပုံလေးတင်ပြီး ပထမဦးဆုံးအကြိမ် ပရိသတ်တွေကို အံအားသင့်အောင်လုပ်လိုက်ပါတယ်။ သြဂုတ်လ ၄ ရက်နေ့မှာ J. Y. Park က သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ သမီးလေး နှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေကို “Miss Jeju already” ဆိုတဲ့စာသားလေးနဲ့ တင်ခဲ့တာဖြစ်ပါတယ်။

Google

ဓာတ်ပုံလေးတွေထဲမှာ J. Y. Park က သူ့ရဲ့ သမီးလေးတစ်ယောက်ကို လှေပေါ်မှာတင်ပြီး ငါးမြှားနေပြီး သမီးလေး နောက်တစ်ယောက်ကို လက်မောင်းပေါ် တင်ထားတာဖြစ်ပါတယ်။ သူတို့ မိသားစုက ဂျယ်ဂျူကျွန်းရဲ့ အားလပ်ရက်ခရီးမှာ ပျော်ရွှင်ကြည်နူးနေကြပြီး အရမ်းကို ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။

Instagram
Instagram
Instagram

နောက်ထပ် ဓာတ်ပုံလေးတစ်ပုံထဲမှာတော့ J. Y. Park ရဲ့ သမီး အငယ်လေးက သေးသေးပိစိ နီတာရဲလေးကနေ အရွယ်ရောက်လာတဲ့ ပုံစံလေးကိုတွေ့ရပါတယ်။ ဓာတ်ပုံလေးထဲမှာ ကလေးလေးက သေးလွန်းလို့ ခြေထောက်လေးတွေက သူ့မ အဖေ J. Y. Park ရဲ့ လက်ကိုတောင် ဆုပ်ကိုင်ထားပါတယ်။ Netizen တွေက သူတို့ရဲ့ ကလေးလေး ဒီလောက်တောင် အရွယ်ရောက်နေပြီလားဆိုပြီး အရမ်းကို ချစ်နေကြပါတယ်။ ခြေထောက်သွယ်သွယ်လေးတွေကလည်း ဖခင်ကြီး J. Y. Park နဲ့ အရမ်းကို တူနေတာကြောင့် ပရိသတ်တွေက ဖအေတူ သမီးလေးဆိုပြီး တအား အူတွေ ယားနေကြတာဖြစ်ပါတယ်။

Instagram
Instagram

ပထမဦးဆုံးအကြိမ် ချစ်စရာ သမီးလေး နှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြခဲ့တဲ့ တောင်ကိုရီးယား နာမည်ကျော် အဆိုတော် ပရိုဂျူဆာကြီး J. Y. Park ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Instagram
Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။