တောင်ကိုရီးယားမင်းသမီး ပတ်ရှင်ဟေး ဟာဆိုရင် ကလေး မွေးပြီးနောက်မှာ သူမရဲ့ လှပချောမောနေဆဲ ဖြစ်တဲ့ ပုံရိပ်ကို ဝေမျှပေးလာခဲ့ပါတယ်။ ပတ်ရှင်ဟေး က အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး The Heirs ၊ You're Beautiful နဲ့ Memories of the Alhambra ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှု ရရှိလာခဲ့တဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင်အရမ်းကောင်းသလို ဇာတ်ကောင်းပိုင်း အိုင်တင်ဖမ်းတဲ့နေရာမှာ အရမ်းတော်တဲ့ ပတ်ရှင်ဟေးဟာ ပြည်သူ့အချစ်တော်မင်းသမီးလေးတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

Google

ဒီပုံလေးကို ပတ်ရှင်ဟေးက ကလေး မွေးပြီးနောက်မှာ ပထမဦးဆုံး တင်ပေးခဲ့တာဖြစ်ပြီး “ထုံးထမ်းဓလေ့ယဉ်ကျေးမှုတွေကြားမှာ အချိန်အကြာကြီးနေပြီးနောက်” ဆိုတဲ့ စာသားလေးနဲ့ တင်ပေးလာခဲ့တာဖြစ်ပါတယ်။

Google
Google

ဓာတ်ပုံလေးထဲမှာ ပတ်ရှင်ဟေးက ထိုင်ခုံလေး တစ်ခုမှာထိုင်နေပြီး သူမရဲ့ နေကောင်းကျန်းမာတဲ့ ပုံရိပ်လေးကို ပြသထားခဲ့တာဖြစ်ပါတယ်။

Google
Instagram

ပတ်ရှင်ဟေးက သူမရဲ့ သားလေးကို မေလတုန်းက မွေးဖွားခဲ့တာဖြစ်ပြီး ကလေး မွေးဖွားပြီးနောက်မှာလည်း လှပချောမောနေတုန်းဆိုတာ သက်သေပြခဲ့ပါတယ်။ အရုပ်လေးနဲ့တူတဲ့ ပတ်ရှင်ဟေးရဲ့ အသားအရည်လေးက ကြည်လင်ဝင်းပနေပြီး လှပချောမောနေတာကြောင့် ကလေးအမေနဲ့တောင် တူမနေပါဘူး။ ကလေးမွေးဖွားပြီးနောက်မှာလည်း ကျန်းကျန်းမာမာနဲ့ လှလှပပလေး ဖြစ်နေတဲ့ ပတ်ရှင်ဟေးရဲ့ ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Instagram
Instagram

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ Park Shin Hye က သူမရဲ့ ချစ်သူ မင်းသား Choi Tae Joon နဲ့ လက်ထပ်ခဲ့ပြီး မေလမှာ သားဦးလေးကို ဖွားမြင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။