ဆည်းဆာရင်ခုန်သံဇာတ်လမ်းတွဲထဲမှာ ကင်ဆန်းမီ အဖြစ် ပရိသတ်တွေအားပေးမှု တခဲနက်ရရှိခဲ့တဲ့ Park Chae Rim ဟာဆိုရင် သူမရဲ့ သားလေးနဲ့ အတူ Single Mother အဖြစ် ရပ်တည်နေတဲ့ မင်းသမီးဖြစ်ပါတယ်။ Park Chae Rim က တရုတ်မင်းသား ခင်ပွန်းဖြစ်သူနဲ့ အတူ တရုတ်ပြည်မှာနေထိုင် ခဲ့တာဖြစ်ပြီး ကွာရှင်းပြီးနောက်မှာ ကိုရီးယားကို ပြန်လာခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google
Google

Park Chae-rim က သူမရဲ့သားလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး အမေတစ်ခု သားတစ်ခု ဘဝလေးနဲ့ ပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။ သားလေးနဲ့အတူ နေ့စဉ်လှုပ်ရှားမှု ဘဝ အကြောင်းလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို တင်ပေးရှိတဲ့ Park Chae-rim က အခုတစ်ခေါက်မှာလည်း သူမရဲ့သားလေးနဲ့အတူကစားကွင်းရောက်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလာပါတယ်။ 

Instagram 
Instagram
Instagram

ဓာတ်ပုံလေးထဲမှာ လွတ်လပ်ပျော်ရွှင်စွာနဲ့ အမြင့်ဒန်းစီးနေတဲ့ Park Chae-rim ရဲ့ သားလေးကိုတွေ့ရပါတယ်။Mask တပ်ထားတယ်ဆိုပေမယ့် Mask ရဲ့အောက်မှာ လွတ်လပ်စွာ ရယ်မောနေတဲ့ Park Chae-rim သားလေးရဲ့အပြုံးလေးတွေကို မြင်တွေ့ရပါတယ်။ 

Instagram

Park Chae-rim က ၁၉၉၄ ခုနှစ်ကတည်းက ပွဲဦးထွက်ခဲ့တဲ့သူဖြစ်ပြီး လက်ရှိမှာ အသက် ၄၃ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။  သူမသားလေးရဲ့အသက်ကတော့ ၅ နှစ်ရှိနေပါပြီ။   Park Chae-rim  က လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကနေ အနားယူထားပါတယ်။ 

Instagram
Instagram
Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။