သြဂုတ်လ ၄ ရက်နေ့က အမျိုးသမီး dancer တစ်ယောက်ဖြစ်တဲ့ Chelsea Fuji က BLACKPINK အဖွဲ့ဝင် Jennie - The Idol စီးရီးမှာ ပါဝင်ရိုက်ကူးထားတဲ့ ပုံရိပ်ကို သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

Google

Chelsea Fuji က The Idol ဇာတ်လမ်းရိုက်ကူးနေစဉ်အတွင်း အခက်အခဲတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး BLACKPINK အဖွဲ့ဝင် Jennie တစ်ယောက် ရိုက်ကူးရေးမှာ ဒဏ်ရာတွေ ရခဲ့တဲ့ အကြောင်းကိုပါ ထည့်သွင်းပြောထားပါတယ်။

Google

Blackpink အဖွဲ့ဝင် Jennie ဟာ ဒဏ်ရာတွေနဲ့ ဝေဒနာတွေ ခံစားခဲ့ရပေမယ့် သူမ လုပ်ရမယ့် အလုပ်ကို မရပ်ဘဲ ပြီးတဲ့အထိ ဆက်ပြီး လုပ်ခဲ့တယ်လို့ သိရပါတယ်။ The Idol ဇာတ်လမ်းတွဲက Jennie အတွက် ပထမဦးဆုံး ဇာတ်လမ်းဖြစ်တာကြောင့် သူမရဲ့ ပထမဦးဆုံး အလုပ်မှာ အားစိုက်ထည့်ပြီး ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။

Google
Instagram
Google
Google

Jennie ရဲ့ ဇာတ်လမ်းတွဲက အခုနှစ် နှောင်းပိုင်းမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ရိုက်ကူးရေးမှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပေမယ့် ရိုက်ကူးရေးကို မနှောင်နှေးစေဘဲ တတ်နိုင်သမျှ ကြိုးစားခဲ့တဲ့ Blackpink အဖွဲ့ဝင် Jennie ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။