တောင်ကိုရီးယား ယောက်ျားလေးများ အဆိုတော်အဖွဲ့ BTS အဖွဲ့ဝင် V ဟာဆိုရင် ပထမဦးဆုံး အကြိမ် လက်ထပ်ပြီးသားပုံစံ ဗီဒီယိုတစ်ခုနဲ့ ပရိသတ်တွေရှေ့ကို ရောက်လာခဲ့ပါတယ်။ BTS အဖွဲ့ဝင် V က လက်ထပ်ရမှာကို ကြောက်တဲ့သူ မဟုတ်ဘဲ အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း ဖုံးကွယ်ထားမှာ မဟုတ်တဲ့သူမျိုး ဖြစ်ပါတယ်။ 

Google

BTS အဖွဲ့ဝင် V က လက်ရှိမှာတွဲနေတဲ့သူ မရှိသေးပါဘူး။ ကျောင်းတက်တုန်းကတော့ ကောင်မလေးတစ်ယောက်နဲ့ ရက် ၂၀ လောက်တွဲဖူးတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပေမယ့် ချစ်သူရည်းစားအဆင့်ထိ မရောက်သွားခဲ့ဘူးလို့ ပြောခဲ့ဖူးပါတယ်။

Google

BTS အဖွဲ့ဝင်တွေက လက်ရှိအချိန်အထိ ချစ်သူရည်းစားသတင်းနဲ့ပတ်သက်ပြီး ကင်းရှင်းကြပါတယ်။ သူတို့က နောင်တစ်ချိန်မှာ ချစ်သူရည်းစားတွေ ရလာတဲ့ အချိန်ကြရင်လည်း ဖုံးကွယ်ထားမှာမဟုတ်တဲ့ သူမျိုး ဖြစ်ပါတယ်။

Google

မကြာသေးမီက ဗီဒီယိုတစ်ခုမှာ BTS အဖွဲ့ဝင် V က သူ့ရဲ့ သူငယ်ချင်း သရုပ်ဆောင် Wooshik နဲ့အတူ ကြင်စဦးမောင်နှံနှစ်ယောက်လိုမျိုး သရုပ်ဆောင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ Wooshik က ကြက်သားကိုရေဆေးပေးနေတာဖြစ်ပါတယ်။V က နောက်ကနေ ငါတို့ ကလေးကိုရေချိုးပေးနေတာလားလို့ မေးခဲ့တာဖြစ်ပါတယ်။ Wooshik က ဟုတ်တယ်လို့ ပြန်ဖြေခဲ့ပြီးနောက်မှာ V က အချစ်လေး ရေသေချာသုတ်ပေးပါလို့ ထပ်ပြောခဲ့တာဖြစ်ပါတယ်။

Google

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အချစ်ကလေးလို့ ခေါ်နေပြီး ကြင်စဦးမောင်နှံ လိုမျိုး စနောက်နေကြတာဖြစ်ပါတယ်။ အဆိုပါဗီဒီယိုက ချက်ချင်းဆိုသလို ဆိုရှယ်မီဒီယာအပေါ်မှာ ပျံ့နှံ့သွားတာကြောင့် BTS ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတာ ဖြစ်ပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။