Tizi  အမည်ရှိတဲ့ တရုတ် food vlogger ကောင်မလေးဟာ တရားမဝင် ငါးမန်းဖြူအသားကို စားမိတဲ့ ဗီဒီယိုဖိုင်ကို ရိုက်ကူးပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်မိခဲ့မိလို့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ Tizi စားပြထားတဲ့ ငါးမန်းရဲ့ ပုံစံကလည်း သူမ ပြောထားတဲ့ ငါးမန်း မဟုတ်ဘဲ တားမြစ်ထားတဲ့ ငါးမန်းဖြူ အမျိုးအစားဖြစ်တယ်လို့ တရုတ် အာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။ ပြစ်မှုမြောက် မမြောက်ကိုတော့ တရုတ်အာဏာပိုင်တွေက ဆက်လက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။

Youtube

Tizi က အစားအသောက်တွေ အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို တရုတ်နိုင်ငံရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Douyin စာမျက်နှာပေါ်မှာ တင်လေ့ရှိတဲ့သူဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ Tizi က ၆ ပေအရှည်ရှိတဲ့ ငါးမန်းဖြူကြီးကို စီချွမ်စီရင်စု Nanchong မြို့က ဆိုင်တစ်ဆိုင်ကနေ ဝယ်လာပြီး ပိုင်းခုတ်စားသောက်နေတဲ့ ပုံတွေ တင်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ “ရက်စက်တဲ့ပုံပေါ်ပေမယ့် အသားလေးက တကယ်ကို နူးညံ့နေတာပဲ။” လို့ ရေးထားပါတယ်။ ဗီဒီယိုကို အောက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Youtube
Youtube

Tizi က ကြီးမားလှတဲ့ ငါးမန်းကြီးရဲ့ အရွယ်အစားကို သူမ ကိုယ်လုံးအရွယ်အစားနဲ့တောင် နှိုင်းယှဉ်ပြီး ဖော်ပြထားပါတယ်။ Tizi က ငါးမန်းကြီးကို အပိုင်းပိုင်းလှီးဖြတ်ပြီး ကင်ကာ အစပ်မှုန့်တွေနဲ့ လူးစားပြခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ အဆိုပါ food blog ဗီဒီယိုက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပါတယ်။

Youtube

ငါးမန်းဖြူတွေက တရုတ်နိုင်ငံက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မျိုး စိတ်တွေဖြစ်တာကြောင့် သူတို့ကို သတ်ဖြတ်တာက ရာဇဝတ်မှု မြောက်တယ်လို့ သိရပါတယ်။ ဗီဒီယိုကို တရုတ်အာဏာပိုင်တွေကတွေ့ရှိခဲ့ပြီး ဗီဒီယို တင်တဲ့ Food blogger ကောင်မလေး Tizi က ထောင် ၁၀ နှစ် ကျခံရလုနီး ပါး ဖြစ်နေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။