တောင်ကိုရီးယားမင်းသား Kim Jae Won ဟာဆိုရင်တစ်ခေတ်တစ်ခါက အရမ်းကို နာမည်ကြီးအောင်မြင်ခဲ့တဲ့ ခေါင်းဆောင်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Kim Jae Won ဟာ အရံသရုပ်ဆောင်အနေနဲ့ မဟုတ်ဘဲ အဓိကဇာတ်ကောင်အနေနဲ့ ဇာတ်ကားတိုင်းလိုလိုမှာ အောင်မြင်မှုရရှိခဲ့တဲ့သူဖြစ်ပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတိုင်းကို လိုက်ကြည့်ရတဲ့အထိ ဖြစ်ခဲ့တဲ့ မင်းသားဖြစ်ပါတယ်။

Google
Google

Kim Jae Won က ၂၀၀၁ ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တာ ဆိုပေမယ့် အနုပညာ လမ်းကြောင်းထက်ဆီကို ရောက်ရောက်ချင်းမှာ ချက်ချင်းကို နာမည်ကြီးလာခဲ့တဲ့သူဖြစ်ပါတယ်။ Kim Jae Won ဟာ ပွဲဦးထွက်လာလာချင်း တစ်နှစ်အကြာ ၂၀၀၂ ခုနှစ်မှာပဲ Romance  ဇာတ်လမ်းတွဲနဲ့  ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Kim Jae Won ကို Korea’s Prince of Smile (ကိုရီးယားနိုင်ငံရဲ့ အပြုံးမင်းသား) ဆိုပြီးတောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ Kim Jae Won ရဲ့ အပြုံးတွေဟာ လှပလွန်းတာကြောင့် သူ့ရဲ့ ချောမောလှပမှုတွေကို နေမင်းကြီးနဲ့တောင် တင်စားခဲ့ကြပါတယ်။

Google

နာမည်ကြီးပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသားတစ်ယောက်ဆိုပေမယ့်လည်း Kim Jae Won ရဲ့ ဇာတ်လမ်းတွဲတွေကို ၂၀၁၈ ခုနှစ်ကစပြီး မတွေ့ခဲ့ကြရတော့ပါဘူး။ Kim Jae Won ကို ဆိုရှယ်မီဒီယာပေါ်မှာရော ၊ တီဗီဖန်သားပြင်မှာရော ၊ သတင်းတွေမှာရော မမြင်တွေ့ရတော့တာကြောင့် ပရိသတ်တွေက များစွာ သတိရ လွမ်းဆွတ်နေကြပါတယ်။

Google
Google
Google

Kim Jae Won ဟာ သရုပ်ဆောင်အလုပ်ကနေ ရပ်နားထားပြီးနောက်မှာ Webtoon နဲ့ ဒရမ်မာ ပရောဂျက်တွေရဲ့ vice-president တစ်ယောက်ဖြစ်လာပြီး စီးပွားရေး လုပ်ငန်းရှင်အဖြစ် အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

Google

လက်ရှိမှာတော့ Kim Jae Won  က အသက် ၄၁ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ Kim Jae Won ဆီမှာ ၁၀ နှစ်အရွယ် သားလေး တစ်ယောက်လည်းရှိပြီး ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေထိုင်လျှက်ရှိပါတယ်။

Google
Google
Google
Google

မကြာသေးမီကတော့ Kim Jae Won က ပထမဦးဆုံး အကြိမ် လူမြင်ကွင်းကို ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၄၀ ကျော် အရွယ်ရှိနေပြီဆိုပေမယ့် Kim Jae Won ရဲ့ မျက်နှာက ချောမောခန့်ညားနေဆဲ ဖြစ်ပြီး အပြုံးကလည်း အသက်ဝင် လှပနေတုန်းပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့ ကြိုက်ရတဲ့ မင်းသားကို တီဗီ ဖန်သားပြင်မှာ ထပ်ပြီး မြင်တွေ့နိုင်ဖို့အတွက် မျှော်လင့်ထားကြပါတယ်။

The actor’s most recent appearance was ina promotional video for the Gangnam Festival. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။