ကလေး သရုပ်ဆောင် Son Moo ဟာဆိုရင် ၁၉၉၀ ပြည့်နှစ်တွေတုန်းက ဇာတ်လမ်းတွဲတိုင်းလိုလိုမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သူဖြစ်ပါတယ်။ Son Moo  က သရုပ်ဆောင်ကောင်းတဲ့သူဖြစ်သလို အရည်အချင်းရှိတဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေတော်တော်များများကလည်း သူ့ကို သဘောကျ နှစ်သတ်ကြပါတယ်။ 

Son Moo ဟာ ကလေးသရုပ်ဆောင်တစ်ယောက်ဆိုပေမယ့် သူ့ရဲ့ ရှည်သွယ်ကော့ဆင်းလှတဲ့ နှာခေါင်းကြောင့် ဝန်ဘင်း (ထယ်ဆောက်) အသေးစားလို့တောင် ခေါ်ဝေါ်ခြင်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ ရုပ်ရည်အားဖြင့်လည်း ဝန်ဘင်းနဲ့တူလွန်းတဲ့ Son Moo ဟာ Always a Blue Heart” ၊ “LA Arirang” ၊ “Six Siblings” ၊ “All About Eve” နဲ့ အခြားဇာတ်လမ်းတွဲတွေ တော်တော်များများမှာလည်း ပါဝင် သရုပ်ဆောင်ဖူးပါတယ်။ 

Google

Son Moo က အနုပညာအလုပ်တွေကို ၇ နှစ် ခန့်သာလုပ်ကိုင်ခဲ့ပြီး အောင်မြင်မှု အထွတ်အထိပ် ရောက်ရှိနေတဲ့အချိန်မှာ အနားယူခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာဆိုရင် Son Moo ရဲ့နာမည်ကို ဘယ်သူမှ မမှတ်မိကြတော့ပါဘူး။  

အနုပညာလမ်းကြောင်းထက်ဆီကနေ နှုတ်ထွက်သွားရတဲ့ အကြောင်းကို မေးမြန်းခဲ့တဲ့အခါမှာလည်း Son Won က သူက လူကြီး သရုပ်ဆောင် အဖြစ် အရည်အချင်း မပြည့်မီတဲ့သူဖြစ်ကြောင်း ၊ ဒါကြောင့် စစ်မှုထမ်းဖို့ အတွက်ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ကံဆိုးစွာနဲ့ပဲ အချိန်ကိုက် သူ့ရဲ့ မိသားစုမှာ များပြားလှတဲ့ အကြွေးတွေ တင်သွားခဲ့ကြောင်း ဆိုလာခဲ့ပါတယ်။  

Google

မိသားစုရဲ့ အကြွေးကြေဖို့အတွက် အလုပ်မျိုးစုံ လုပ်ခဲ့ရတဲ့ Son Moo ဟာ အသက် ၂၀ နှစ်အရွယ်မှာ အကြွေးသန်း ၂၀၀ ဆပ်နိုင်ခဲ့ပါတယ်။ ကြိုးစားအားထုတ်မှုတွေကြောင့် အသက် ၃၀ နှစ်မှာ အကြွေးတွေ အားလုံးကနေလွတ်မြောက်ခဲ့ပါတယ်။ Son Moo ဟာ အကြွေးကြေဖို့အတွက် တစ်ရက်ကို နာရီ ၂၀ အလုပ်လုပ်ခဲ့ရပြီး ခက်ခဲပင်ပန်းလွန်းတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။ 

Google

Son Moo ဟာ အိမ်ထောင်ကျပြီး မိသားစုရှိပြီးတဲ့နောက်မှာ လမ်းဘေးမှာ လက်ကိုင်အိတ်များရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ အိတ်ရောင်းရတဲ့ အမြတ်ငွေတွေကို စုထားပြီး လက်ရှိမှာ Sacheon ဆိပ်ကမ်းမှာ ငါးဖမ်းသင်္ဘော တစ်စင်း ထောင်ထားတယ်လို့ သိရပါတယ်။ 

တံငါသည်အလုပ်ကို လုပ်နေတဲ့ Son Moo ဟာ နေလောင်ဒဏ်တွေကို အလူးအလဲခံနေရရင်း ငယ်ရုပ်ပျောက်သွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာဆိုရင် တစ်ချိန်တုန်းက အရမ်းချစ်ဖို့ကောင်းတဲ့ ဝွန်ဘင်း အသေးစားလေးလို့သူ့ကိုပြောလိုက်ရင် ဘယ်သူမှ မမှတ်မိကြတော့ပါဘူး။ 

Google

Son Moo က ဆိုလ်းမြို့မှာနေထိုင်စားသောက်ရတဲ့ ဘဝကြီးက အင်မတန် ကြမ်းတမ်းကြောင်း ၊ တံငါသည်အဖြစ်နဲ့ကမ်းလွန် ပင်လယ်ပြင်မှာ ရက်ပေါင်းများစွာနေထိုင်ရတဲ့ဘဝက ခက်ခဲပေမယ့် ဒီလိုနေထိုင်ရတာက သူ့အတွက်ပိုကောင်းကြောင်း ၊ အဲဒါကြောင့် သမုဒ္ဒရာကြီးကို ချစ်မိသွားကြောင်း ကိုလည်း ပြောခဲ့ပါသေးတယ်။

Google

 နုနုရွရွသရုပ်ဆောင်လေး အဖြစ်ကနေ ခပ်ကြမ်းကြမ်းကြီးအဖြစ် ပြောင်းလဲသွားတဲ့  Son Moo  ရဲ့ အဖြစ်ကို ပရိသတ်တွေက သနားခဲ့ကြပေမယ့် Son Moo  ကတော့ သူ့ဘဝကိုသူ ရောင့်ရဲတင်းတိမ်ပြီး ကျေနပ်နေရှာပါတယ်။ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဝန်ဘင်း အသေးစားလေးရဲ့ဘဝအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။