တောင်ကိုရီးယားမင်းသမီး Seo Woo ဟာဆိုရင် မြန်မာပရိသတ်တွေကြားမှာ ဖန်သားမျက်နှာဖုံး (Glass Mask) ၊ကျွန်းကလေးရဲ့ ချစ်ပုံပြင် (Tamra the Island) စတဲ့ ဇာတ်လမ်းတွေနဲ့ လူသိများခဲ့တဲ့သူဖြစ်ပါတယ်။ 

Google
Google

Seo Woo ဟာနာမည်ကြီး မင်းသမီး တစ်လတ်ဖြစ်ပြီး သရုပ်ဆောင်ကောင်းတဲ့သူဖြစ်ပေမယ့် မိခင်ကြီးရဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ဆက်မလုပ်နိုင်ခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာဆိုရင် Seo Woo ရဲ့အသက်က ၃၇ နှစ်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google
Google

Seo Woo ရဲ့ မိခင်က Autoimmune လို့ခေါ်တဲ့ ကိုယ်ခံအားအချင်းချင်း ပြန်တိုက်တဲ့ရောဂါ ခံစားနေရတာလို့ သိရပြီး Seo Woo ကိုယ်တိုင်လည်း မိခင်ကြီးရဲ့ မျိုးရိုးဆက်ခံတဲ့ အနေနဲ့ ကိုယ်ခံအားနည်းတဲ့ ရောဂါ ခံစားနေရတယ်လို့သိရပါတယ်။ Seo Woo က ရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာ မောပန်းနွမ်းနည်မှု ခံစားနေရတာဖြစ်တာကြောင့်ကျန်းမာရေးအတွက်အချိန် ယူနေရတာဖြစ်တယ်လို့ သိရပါတယ်။  ကျန်းမာရေးမကောင်းတာကြောင့်စိတ်အခြေအနေလည်း မကောင်းဘူးလို့ Seo Woo ကဆိုပါတယ်။ 

Google
Google
Google
Google

Soe Woo က အနုပညာလှုပ်ရှားမှုတွေ မလုပ်ဖြစ်တော့တာ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်ပြီး လက်ရှိအချိန်အထိလည်း ဇာတ်လမ်းတွဲတွေထဲမှာ ပြန်မတွေ့ရတော့ပါဘူး။ ပရိသတ်တွေကတော့ Seo Woo တစ်ယောက် အနုပညာလှုပ်ရှားမှုတွေဆီကို ပြန်လည်ရောက်ရှိလာဖို့အတွက် မျှော်လင့်ထားကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။