“မွေးကတည်းကမိုက်တဲ့သူ” ဇာတ်ကားကို ရေနံချောင်းမှာလည်းကောင်း “အသည်းတစ်သောင်းပိုင်ရှင်” ဇာတ်ကားကို ချင်းပြည်နယ်မှာလည်းကောင်းပုံဖော်ရိုက်ကူးသလို ဗီဒီယို ပရိသတ်ပေါင်းများစွာအားပေးတဲ့ အနုပညာရှင် နေထူးနိုင်က ဘာကြောင့် လွတ်လပ်ရေးမတိုင်ခင် ခေတ်ကာလဇာတ်ကားတွေကို ရိုက်ကူးမှုနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ကောင်းထားရှိကာရိုက်ကူးနေခြင်းဖြစ်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် လွတ်လပ်ရေး မရသေးတဲ့ ကားတွေရိုက်တာ ရည်ရွယ်ချက်ရှိတယ်။ ကျွန်တော်တို့တတွေဟိုးကတည်းက မစည်းရုံးလို့ သူ့ကျွန်ဘဝကိုရောက်ခဲ့တယ်။ ဒါကိုကြောက်လို့ပြန်ရိုက်ခဲ့တာ။အဓိက က စည်းလုံးညီညွှတ်စေချင်တာ။အမှန်က ဒီကားတွေက ပိုပင်ပန်းတယ်။မြင်းပေါ်ကကျ၊ယမ်းတွေမိုင်းတွေကြား ပြေးနဲ့ အရမ်းပင်ပန်းတယ်။ယမ်းတွေ မိုင်းတွေ မြင်းတွေကြောင့် ကန်းသွား၊ ထိုင်းသွား၊ ကျိုးသွားသူ အများကြီးရှိတယ်။” လို့ လွတ်လပ်ရေးမရခင် ဇာတ်ကားတွေ ရိုက်ကူးမှုအပေါ် အနုပညာရှင် နေထူးနိုင်က Beauty မဂ္ဂဇင်းကို အခုလိုပဲပြောကြားခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးမှုနဲ့ပတ်သက်ပြီးမင်းသားနေထူးနိုင်က “ရုပ်ရှင်ကတော့ကျွန်တော့ ဇာတ်ကောင်နဲ့လိုက်မှ ရိုက်တယ်။လှတောသား ပုံစံနဲ့ တစ်ကားရိုက်ထားတယ်၊တခြားတော့ မရိုက်ဖြစ်ဘူး၊ကျွန်တော့ကို ကျွန်တော့ပရိသတ်တွေ ကြည့်ချင်တဲ့ ပုံစံရှိတယ်၊ပရိသတ်ေတွေ မြင်စေချင်တဲ့အတိုင်း ရိုက်ရမှ ရိုက်ပါမယ်၊ကိုယ်တိုင်စိတ်ကြိုက်ဇာတ်ကိုလည်း စုထားပါတယ်။အခုအချိန်အထိ အားပေးချစ်ခင်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ဆိုထားပါတယ်။
Aung
သတင်းအရင်းမြစ် Beauty မဂ္ဂဇင်း
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။