တောင်ကိုရီးယားမင်းသမီး လီယောင်အေးဟာဆိုရင် ချစ်ရတဲ့ သမီးဖြစ်သူအတွက် မကြာသေးမီက ဥရောပမှာရှိတဲ့ ဘုရားကျောင်းတစ်ခုကို ရောက်ရှိနေခဲ့ပါတယ်။ မင်းသမီးကြီး လီယောင်အေး ဥရောပကိုရောက်နေတဲ့ အကြောင်းအရင်းက သမီးဖြစ်သူရဲ့ ဖျော်ဖြေပွဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Google
Google

လီယောင်အေးရဲ့ သမီးလေးက ဘုရားကျောင်းမှာ နတ်သမီးတစ်ယောက်ပုံစံမျိုး ဖျော်ဖြေရမှာဖြစ်တယ်လို့ သိရပါတယ်။

Google
Google

အဆိုပါ ဖျော်ဖြေပွဲက ကမ္ဘာကြီး ငြိမ်းချမ်းခြင်းအတွက်သာမက စစ်ဘေးသင့်ခံရသော ယူကရိန်းကလေးငယ်လေးများအတွက်ပါ ဆုတောင်းပေးတဲ့ ဖြေဖြေပွဲဖြစ်တယ်လို့ သိရပါတယ်။ သီချင်းကို နတ်သမီး ဝတ်စုံဝတ်ဆင်ထားတဲ့ ကလေးငယ်လေးတွေက သီဆိုဖျော်ဖြေခဲ့ကြတာဖြစ်ပြီး ဖျော်ဖြေပွဲက လူအများရဲ့ နှလုံးသားကို ကိုင်လှုပ်ပစ်လိုက်နိုင်ပါတယ်။

Instagram
Google
Google

ဒီအကြောင်းအရာ လေးကို သြဂုတ်လ ၂ ရက်နေ့က Lee Young-ae က သူမရဲ့ အင်စတာဂရမ် စတိုရီပေါ်မှာ ငြိမ်းချမ်း ရေး ဖျော်ဖြေပွဲဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တင်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားမင်းသမီး လီယောင်အေးကို အလှူ အတန်းရက်ရောတဲ့ မင်းသမီးလို့ လူအများစုက သိကြပါတယ်။ လီယောင်အေး က ကလေးတွေကို အရမ်းချစ်တဲ့သူဖြစ်ပြီး လိုအပ်တဲ့နေရာတွေကို အမြဲတမ်း လှူနေတဲ့ သူဖြစ်ပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး လီယောင်အေးက စီးပွားရေးသမား Jung Ho-young နဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အမွှာကလေးလေး နှစ်ယောက် မွေးဖွားခဲ့ပါတယ်။

Google
Google
Google

ချန်ဂင်လို့ လူသိများတဲ့ တောင်ကိုရီးယား မင်းသမီး လီယောင်အေး ဟာဆိုရင် ဇာတ်လမ်းတွဲ မရိုက်တာ ၄ နှစ်ကြာပြီးတဲ့နောက်မှာ  JTBC ရဲ့ ဒရမ်မာဖြစ်တဲ့ Inspector Koo ဇာတ်လမ်းနဲ့ ပရိသတ်တွေရှေ့ ပထမဦးဆုံး ပြန်ပေါ်လာတာဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက အောင်မြင်မှု ရရှိခဲ့တဲ့ တောင်ကိုရီးယား မင်းသမီး လီယောင်အေးရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှဝေလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။