မြန်မာနိုင်ငံမှာ လီဆောင်းဦး (သို့) ဂွီဒေါက် နာမည်နဲ့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီးကြီး Kim Hyun-joo ဟာဆိုရင် အသက် ၄၅ နှစ်အရွယ်အထိ လက်မထပ်ရသေးတဲ့သူဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သတ်ပြီး အရမ်းကို အေးဆေးတည်ငြိမ်နေတဲ့ Kim Hyun-joo ရဲ့ အချစ်ရေးကို စုံစမ်းကြည့်လိုက်တဲ့အခါမှာ Kim Hyun-joo က မင်းသား နှစ်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ဖူးပါတယ်။ မင်းသား နှစ်ယောက်ထဲက တစ်ယောက်ကတော့ အိမ်ထောင်ကျသွားပြီ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အခုထိ အိမ်ထောင် မကျသေးပါဘူး။ Kim Hyun-joo နဲ့ တွဲခဲ့ဖူးတဲ့ မင်းသားနှစ်ယောက်အကြောင်းကို ဆက်လက် ဖော်ပြပေးသွားပါမယ်နော်။

Google
Google
Google

So Ji Sub

Google

Kim Hyun-joo ဟာဆိုရင် ဖန်ရွှေနင်းနဲ့ယမင်းရွှေစင်ဇာတ်လမ်း (The Glass Slippers) ရိုက်ကူးရင်းနဲ့ So Ji Sub နဲ့ ချစ်ကြိုက်ခဲ့ဖူးတယ်လို့ သတင်းတွေ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ သူတို့ နှစ်ဦးသား စတင်တွဲခဲ့ကြတဲ့ အချိန်က ၂၀၀၂ ခုနှစ်မှာလို့ သိရပြီး အဲဒီနောက်မှာတော့ လမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။သူတို့နှစ်ဦးက လမ်းခွဲပြီးတဲ့နောက်မှာလည်း အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ သူငယ်ချင်းတွေလိုမျိုး ဆက်ပြီး နေနေကြတာကို တွေ့ရပါတယ်။

Google

So Ji Sub က တော့ Joo ကို ဘယ်တုန်းကမှ မတွဲဖူးကြောင်း သူတို့နှစ်ဦး သားက အကောင်းဆုံး သူငယ်ချင်းတွေသာဖြစ်ကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ဖူးပါတယ်။ So Ji Sub က ၂၀၂၀ ခုနှစ်မှာ တီဗီအစီအစဉ် တင်ဆက်သူ Cho Un-Jeong နဲ့ လက်ထပ်ခဲ့ပါတယ်။

Google

Lee Dong Wook

Google

Kim Hyun-joo ဟာ ဆိုရင် မင်းသား Lee Dong Wook နဲ့တဲ့လည်း The Partner ဇာတ်လမ်းတွဲ ရိုက်ကူးရင်းနဲ့ ချစ်ကြိုက်နေကြတယ်လို့ သတင်းထွက်ဖူးပါတယ်။ The Partner ဇာတ်လမ်းတွဲက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး အဲဒီအချိန်တုန်းက Lee Dong Wook က အသက် ၂၇ နှစ်ဖြစ်ပြီး Kim Hyun-joo ကတော့ အသက် ၃၁ နှစ်အရွယ်ဖြစ်ပါတယ်။

Google
Google
Google
Google

သူတို့နှစ်ဦးသားက ဇာတ်လမ်းတွဲ မရိုက်ခင်က အရမ်း မရင်းနှီးကြပဲ ဇာတ်လမ်းတွဲ ရိုက်ကူးပြီးမှသာ အရမ်းကို ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။ ဘယ်လောက်ထိ ရင်းနှီးကြလဲဆို ရိုက်ကွင်းလာရင်တောင် နှစ်ယောက်အတူတူ ကားတစ်စီးနဲ့ သီးသန့်လာကြတယ်ဆိုတဲ့ အထိ နာမည်ထွက်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်ဖက်အေဂျင်စီတွေက သူတို့နှစ်ဦးသား တွဲနေကြတယ်ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

Google

လက်ရှိမှာတော့ Kim Hyun-joo ဆီမှာ တွဲနေတဲ့သူမရှိသေးပါဘူး။ အသက် ၄၅ နှစ်အရွယ်အထိ လက်မထပ်ရသေးတဲ့ တစ်ချိန်က လီဆောင်းဦး (သို့) ဂွီဒေါက်တွဲခဲ့ဖူးတဲ့ မင်းသားကြီး နှစ်ယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။