“Wanida” လို့ အမည်ရတဲ့ ရွှေစံအိမ်ရဲ့ရင်ခုန်သံထိုင်းဇာတ်လမ်းတွဲ ဟာဆိုရင် မြန်မာနိုင်ငံမှာတော်တော်လေးနာမည်ကြီး ရေပန်းစားခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဇာတ်အိမ်တည်ဆောက် ပုံလေးကောင်းသလို ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေရဲ့ ထူးချွန်ထက်မြတ်တဲ့ သရုပ်ဆောင် အရည်အချင်းကြောင့် လည်း နာမည်ကြီး လူကြိုက်များခဲ့ရတာဖြစ်ပါတယ်။ 

Google

ရွှေစံအိမ်ရဲ့ရင်ခုန်သံ ဇာတ်လမ်းတွဲထဲမှာ ခေါင်းဆောင်မင်းသမီး ဝနီဒါနေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထိုင်းမင်းသမီး Taksaorn Paksukcharern ဟာဆိုရင်လည်း ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ Taksaorn Paksukcharern ဟာ ဝနီဒါ ဇာတ်လမ်းတွဲ ထုတ်လွှင့် အပြီး ၂၀၁၂ ခုနှစ်မှာSongkran Tejanarong ဆိုသူနဲ့ လက်ထပ်ပြီး သမီးလေး တစ်ယောက်ရရှိခဲ့ပါတယ်။ 

Google

လက်ထပ်ပြီး ၆ နှစ်အကြာမှာတော့ Songkran Tejanarong တစ်ယောက်ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး လက်တွဲဖော်ထပ်မရှာဘဲ Single Mother အဖြစ် ရပ်တည်နေပါတယ်။ 

Google

Songkran Tejanarong ဟာဆိုရင် ကွာရှင်းပြီးတဲ့ နောက်မှာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခြင်း ကျဲသွားပြီး ကြော်ငြာတွေပဲ လက်ခံဆောင်ရွက်နေတာကို တွေ့ရပါတယ်။ Songkran Tejanarong က လက်ရှိမှာ အသက်၄၁ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။  

Instagram

Songkran Tejanarong ကို ဇာတ်လမ်းတွဲတွေမှာ မတွေ့ရတော့ပေမယ့်လည်း သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို တွေ့ရပါတယ်။ ဒီကနေ့မှာလည်း Songkran Tejanarong က အသက် ၄၀ ကျော်အမျိုးသမီးတစ်ယောက်ဆိုပေမယ့် နုပျိုပြီးလှပနေဆဲ ဖြစ်တဲ့ သူမရဲ့ ပုံရိပ်လေးကို ဝေမျှပေးလာခဲ့ပါတယ်။

Instagram
Instagram

 ကလေးတစ်ယောက် အမေဖြစ်ပေမယ့် နုပျိုပြီး ချောမောလှပနေဆဲဖြစ်တဲ့ ထိုင်းမင်းသမီးလေး ဝနီဒါ (ခေါ် ) Songkran Tejanarong ရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။