တောင်ကိုရီးယားမင်းသမီး Kim Ji-ho ဟာဆိုရင် ဖန်ခြေနင်းနဲ့ယမင်းရွှေစင် (Glass Slippers) ဇာတ်လမ်းတွဲနဲ့ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ သူမက ၁၉၉၄ ခုနှစ်မှာ အနုပညာလောကထဲကိုသီချင်းဗီဒီယိုတစ်ခုနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ A Man Wagging His Tail ဇာတ်လမ်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲ စတင်ပါဝင်လာခဲ့ပါတယ်။ ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် နာမည်ကောင်းတွေ ရရှိခဲ့တဲ့ Kim Ji-ho ဟာ ရုပ်ရှင်ဇာတ်ကားတွေ များစွာမှာလည်း ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ 

Google
Google

Kim Ji-ho ဟာ မင်းသား Kim Ho-Jin နဲ့ ၂၀၀၁ ခုနှစ် ၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာသမီးလေးတစ်ယောက် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ လက်ရှိမှာဆိုရင် Kim Ji-ho  ရဲ့ အသက်က ၄၈ နှစ်အရွယ်တောင် ရှိနေပြီပဲ ဖြစ်ပါတယ်။ အသက်ကြီးလာပြီး ၊ မိသားစုအတွက် အချိန်ပေးနေရတာကြောင့် Kim Ji-ho  ကို အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာ သိပ်ပြီး မတွေ့ရတော့ပါဘူး။ Kim Ji-ho  ကို ဇာတ်လမ်းတွဲတွေထဲမှာ မတွေ့ရတော့တာ ဆယ်စုနှစ်ကျော်တောင် ကြာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 

Google
Google

Kim Ji-ho  က သူမရဲ့ ပထမဦးဆုံး သမီးလေးကို ၂၀၀၄ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် လက်ရှိမှာ သူမရဲ့ သမီးလေးက ၁၈ နှစ်တောင် ရှိနေပြီပဲဖြစ်ပါတယ်။ 

Google
Google

Kim Ji-ho က သူမရဲ့ မိသားစု အရေးနဲ့ ပတ်သက်ကြီး သိပ်ပြီးဖော်ပြလေ့မရှိတာကြောင့် သမီးလေး အရွယ်ရောက်လာတဲ့ ပုံရိပ်လေးကို သိပ်ပြီး မတွေ့ရပါဘူး။ဒါပေမယ့် မအေတူ သမီးလေး ဖြစ်တာကြောင့် သမီးချောချောလေး ဖြစ်မယ်ဆိုတာကိုတော့ သေချာပေါက် ယုံ ကြည်ထားကြပါတယ်။ အခုပညာလှုပ်ရှားမှုတွေထဲမှာ သိပ်ပြီး မတွေ့ရတော့တဲ့ မင်းသမီးကြီး Kim Ji-ho ရဲ့ အကြောင်းကိုပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။