Pann ဝက်ဘ်ဆိုဒ်မှာတင်ထားတာတဲ့ အကြောင်းအရာတွေအရ Hannam THE HILL မှာနေထိုင်တဲ့ နေထိုင်သူတွေက တောင်ကိုရီးယားမင်းသား So Ji Sub နဲ့ Jo Eun Jung တို့ ဇနီးမောင်နှံ အကြောင်းနဲ့ ပတ်သက်ပြီး သူတို့တွေ့မြင်ခဲ့ကြတာကို တင်ခဲ့ပါတယ်။ သူတို့ဟာ နာမည်ကြီး ဇနီးမောင်နှံ နှစ်ယောက်ကို ကလေးပစ္စည်းရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့ကြတာကြောင့် ထူးခြားတဲ့ သတင်းလေးများ ရှိနေလားဆိုပြီး ထင်နေကြတာ ဖြစ်ပါတယ်။ 

Google

ဒါပေမယ့်လည်းလက်ရှိအချိန်အထိ So Ji Sub နဲ့ Jo Eun Jung တို့နှစ်ယောက်က ကောလာဟလတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းချက် မထုတ်ပြန်ရသေးပါဘူး။ ပရိသတ်တွေကတော့ So Ji Sub တို့ စုံတွဲနှစ်ဦး မကြာခင်မှာ ရင်သွေးလေး ရရှိတော့မှာ ဖြစ်လို့ ကလေးပစ္စည်းရောင်းတဲ့ဆိုင်ကို သွားခဲ့ကြတာလို့ ထင်ခဲ့ကြပါတယ်။ တောင်ကိုရီးယားမင်းသား So Ji Sub က သူချစ်ရတဲ့ ကောင်မလေး Jo Eun Jung နဲ့ ၂၀၂၀ ခုနှစ် ဧပြီလာ ၇ ရက်နေ့မှာ တရားဝင် လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

Google
Google

သူတို့နှစ်ဦးသားက လက်ထပ်ထားခဲ့ကြတာ ၂ နှစ်ကြာသွားခဲ့ပြီဆိုပေမယ့်လည်း လက်ရှိအချိန်အထိ သားသမီး ရတနာ မထွန်းကားကြသေးပါဘူး။ နှစ်ဦးသားက ကလေး ပစ္စည်းရောင်းတဲ့ဆိုင်ကို သွားခဲ့ကြတာ အခြား အကြောင်း ရှိကောင်းရှိနိုင်ပေမယ့် ပရိသတ်တွေကတော့ သတင်းကောင်းလေးဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။ ပရိသတ်ကြီးရော So Ji Sub တို့လင်မယားဘာလို့ ကလေး ပစ္စည်းရောင်းတဲ့ဆိုင်ကို သွားတာလို့ ထင်လဲ  .. ဖြေပေးခဲ့ကြပါဦး ။ ?

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။