တောင်ကိုရီးယားနာမည်ကျော် မင်းသမီး တစ်လတ်ဖြစ်တဲ့ Park Eun Bin ဟာဆိုရင် အောင်မြင်မှုတွေ သိမ်းကြုံးရရှိခဲ့တဲ့ Extraordinary Attorney Woo ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့တာဖြစ်ပါတယ်။ နာမည်ကြီးတို့ရဲ့ ထုံးစံအတိုင်း ကောလာဟလတွေကလည်း တစ်ခုပြီး တစ်ခု ထွက်ရှိလာခဲ့ပါတယ်။ မကြာသေးမီကလည်း Park Eun Bin တစ်ယောက် လိမ်လည်ပြီး ဘွဲ့ယူထားတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။ Park Eun Bin   က တောင်ကိုရီးယားရဲ့ နာမည်ကြီး တက္ကသိုလ်ဖြစ်တဲ့ Sogang တက္ကသိုလ်မှာတက်ရောက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

Google
Google

Sogang တက္ကသိုလ်မှာ တက်ရောက်ခွင့် အမှတ်က အရမ်းမြင့်တာကြောင့် စာမေးပွဲမှာ ရရှိခဲ့တဲ့ ရမှတ်များကို ထုတ်ဖော်ပြောကြားခြင်း မရှိတာနဲ့ ပတ်သက်ပြီး ကျောင်းလိမ်တက်နေတယ်လို့ စွပ်စွဲခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အပင်မြင့်လေ လေတိုက်လေ ဆိုသလိုပဲ တချို့ Netizen တွေက Park Eun Bin   ကို ကျောင်းမှန်မှန်မတက်လို့ အတန်းကနေ အထုတ်ခံခဲ့ရတယ်ဆိုပြီးအထိ လုပ်ကြံပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ထွက်ရှိလာတဲ့ မမှတ်မမှန်သတင်းတွေကို Park Eun Bin ရဲ့ အတန်းဖော်တွေက သက်သေအဖြစ် ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

Google

Park Eun-bin ဟာဆိုရင် အသက် ၅ နှစ်အရွယ်ကတည်းက မင်းသမီးတစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။

Google

အနုပညာအလုပ်တွေ စတင် လုပ်ဆောင်ခဲ့စဉ်ကတည်းက နာမည်ပျက် မထွက်ဖူးတဲ့ Park Eun Bin ကို ဘာလို့များ မုန်းတီးတဲ့သူတွေက အခုလိုမျိုး ဝေဖန်တိုက်ခိုက်နေရတာလဲဆိုတာကိုတော့ အဖြေရှာမရဆဲ ဖြစ်နေပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။