မကြာသေးမီက ထိုင်းနိုင်ငံရဲ့ အလှဆုံး အမျိုးသမီးဖြစ်တဲ့ Miss Universe 2022 pageant ကို ရွေးချယ်လို့ ပြီးသွားခဲ့ပါပြီ။ ရွေးချယ်ခြင်း ခံခဲ့ရတဲ့ အမျိုးသမီးလေးက Anna Sueangam-iam လို့ သိရပြီး သူမက အမှိုက်ပုံထဲမှာ ရှင်သန်နေထိုင်ခဲ့တာဖြစ်ပါတယ်။ Anna Sueangam-iam က အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညကမှ အခြား ပြိုင်ပွဲဝင် ၂၈ ယောက်ကို ကျော်တက်ပြီး Miss Universe Thailand 2022 သရဖူကို ရရှိခဲ့တာဖြစ်ပါတယ်။

Google
Google
Google

အမေးအဖြေ ကဏ္ဍမှာ Anna Sueangam-iam ကို မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ကမ္ဘာပေါ်ကလူတွေကို ဘယ်လို အကြံလေး ပေးချင်လဲဆိုတဲ့ မေးခွန်း မေးခဲ့ပါတယ်။ Anna Sueangam-iam ဖြေဆိုခဲ့တဲ့ အဖြေလေးက တကယ်ကို မှတ်သားဖို့ကောင်းလှပါတယ်။ Anna Sueangam-iam ဖြေခဲ့တဲ့ အဖြေလေးကို အောက်မှာ ဘာသာပြန်ပေးထားပါတယ်။

Google
Google
Google

 “မင်းတစ်ယောက်တည်း မျှော်လင့်ချက် ပျက်သုန်းနေတာမဟုတ်ပါဘူး။ ကျွန်မလည်း မျှော်လင့်ချက်တွေ ဆုံးရှုံးဖူးတဲ့ အချိန်တွေ ၊ စိတ်ဓာတ်ကျတဲ့ အချိန်တွေ ရှိပါတယ်။ ကျွန်မကိုယ်တိုင်းလည်း လေ့လာပြီး ပြန်လည်သုံးသပ်ကာ ရှင်သန်ခဲ့ရတာဖြစ်ပါတယ်။ အားလုံးပဲ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရရင် ယုံကြည်မှုရှိရှိနဲ့ ပြန်ပြီး ရင်ဆိုင်တိုက်ခိုက်ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မသာ လုပ်နိုင်တယ်ဆို ရှင်တို့ အားလုံးလည်း လုပ်နိုင်မှာပါ”

Google

Anna Sueangam-iam က အရည်အချင်းရှိပြီး ချောမောလှပတဲ့သူဖြစ်ပေမယ့် ပရိသတ်တွေကြားမှာတော့ အရမ်းကြီး ပေါ်ပျူလာမဖြစ်ပါဘူး။ Popular Choice အတွက် Miss Universe Thailand ဝက်ဘ်ဆိုဒ်မှာ Anna Sueangam-iam ရဲ့ အဆင့်က နံပါတ် ၆ နေရာမှာပဲ ရှိပါတယ်။

Google

Anna Sueangam-iam ကို ၁၉၉၈ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဘန်ကောက်မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ရပ်ကွက်မှာ မွေးဖွားခဲ့ပါတယ်။ ဆင်းရဲလွန်းတာကြောင့် Anna Sueangam-iam ကို အတန်းဖော်တွေက “Miss Garbage” (အမှိုက်သမလေး) လို့တောင် နာမည်ပြောင်ပေးထားကြတယ်လို့ သိရပါတယ်။ Anna Sueangam-iam ကို အမှိုက်ကောက်သမား မိခင်ကြီးနဲ့ ဖခင်ကြီးတို့က မွေးဖွားခဲ့တာကြောင့် ကလေးဘဝကတည်းက အမှိုက်ပုံထဲက ကောက်လာတဲ့ အရုပ်လေးတွေနဲ့ ဆော့ရတယ်လို့ သိရပါတယ်။ Anna Sueangam-iam  ရဲ့ဘဝအကြောင်း ဗီဒီယိုလေးကို အောက်မှာဝင်ကြည့်နိုင်ပါတယ်။

Youtube
Google
Google

ဆိုးရွားလွန်းတဲ့ ဘဝကြီးကို ကျော်လွှားဖြတ်သန်းရင်း အတွေ့အကြုံဆိုးတွေကို သင်ခန်းစာ ယူခဲ့တဲ့ Anna Sueangam-iam ဟာ အခုအချိန်မှာတော့ ပြိုင်ပွဲဝင် အလှမယ်ပေါင်း ၂၉ ယောက်ကို ကျော်ပြီး အလှဆုံး အလှမယ်လေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။