တောင်ကိုရီးယားမင်းသမီး Son Ye Jin ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ကမှ မင်းသား Hyun Bin နဲ့အတူ မင်္ဂလာပွဲ ကျင်းပထားတာဖြစ်ပါတယ်။  လက်ထပ်ပြီး ၄ လအကြာမှာတော့ ပြည်သူ့အချစ်တော်မင်းသမီးလေး Son Ye Jin တစ်ယောက် ကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။

Google
Google

 Son Ye Jin က သူမ မင်္ဂလာမဆောင်ခင်က ပရိသတ်တွေကို ကတိပေးခဲ့သလို အိမ်ထောင်ကျပြီးသွားတဲ့နောက်မှာလည်း အနုပညာအလုပ်တွေဆက်ပြီး လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေတဲ့အထိ အနုပညာအလုပ်တွေ ဆက်ပြီး လုပ်ဆောင်နေတဲ့Son Ye Jin က အခုနောက်ပိုင်းမှာတော့ ကိုယ်ဝန်အရှိန်ကြောင့် မျက်နှာက ဖောင်းဖောင်းမို့မို့လေး ဖြစ်နေပါတယ်။ 

Google
Google

မကြာသေးမီကလည်း Son Ye Jin ပါဝင်သရုပ်ဆောင်ထားတဲ့ CF films ရဲ့ နောက်ကွယ်က ပုံရိပ်လေး ထွက်ရှိလာပါတယ်။  ပုံရိပ်လေးတွေထဲမှာ Son Ye Jin က မော်တော်ဆိုင်ကယ်ပေါ်မှာ ထိုင်နေပြီး သားရေအသား ဝမ်းဆက်လေးကို ဝတ်စုံ အပြည့် ဝတ်ထားပါတယ်။ 

Google

ဓာတ်ပုံလေးတွေ ထွက်လာလာချင်းမှာပဲ Netizen တွေအများစုက Son Ye Jin ရဲ့ ကိုယ်အလေးချိန် တတ်လာတဲ့ ပုံရိပ်ကို အံ့ဩခဲ့ကြပါတယ်။ 

Google

ဓာတ်ပုံထဲမှာ Son Ye Jin က မျက်နှာလုံးလုံး ၊ ဝိုင်းဝိုင်း ၊ ဖောင်းဖောင်းလေး ဖြစ်နေပြီးမြင်နေကြ ပုံစံ လိုမျိုး ပိန်ပိန်သွယ်သွယ်လေး ဖြစ်မနေပါဘူး။ ဒါပေမယ့်လည်း ကျက်သရေရှိမှုကတော့ အပြည့်ပါပဲ ။ သူမရဲ့ လှပတောက်ပတဲ့ မျက်လုံးတွေနဲ့တင် ရိုက်ကွင်းတစ်ခုလုံးကို ဖမ်းစားသွားနိုင်ပါတယ်။ 

Google
Google

ကိုယ်ဝန်ရှိနေတယ်လို့ ကြေညာပြီးတဲ့နောက်မှာ Son Ye Jin ကို CF films တွေမှာပဲ ရံဖန် ရံခါတွေ့ရတော့ပါတယ်။Son Ye Jin ဟာ ပရောဂျက်အသစ်တွေကိုလက်ခံမယ့်အစား သူမရဲ့ အိမ်မှာပဲ သာမန် ဇနီးသည်တစ်ယောက်လိုမျိုးအရသာရှိတဲ့ ဟင်းလျာလေးတွေ ချက်ပြုတ်စားသောက်နေတာဖြစ်ပါတယ်။ 

Google

ပရိသတ်တွေကတော့ အနုပညာပါရမီပါလွန်းပြီး ချောမောလှပလွန်းသလို  အိမ်ထောင်မှုတာဝန်လည်းနိုင်နင်းလှတဲ့Son Ye Jin ကို ပိုင်ဆိုင်ထားတဲ့ Hyun Bin ကို မနာလိုတောင်ဖြစ်နေကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။