တောင်ကိုရီးယား နာမည်ကြီး အဆိုတော် PSY ရဲ့ ဖျော်ဖြေပွဲအပြီးမှာ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့ ၃၁ ရက်နေ့တုန်းက Naver ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ သေဆုံးသွားသူ အမျိုးသားက အသက် ၂၇ နှစ်အရွယ်ရှိတဲ့ မွန်ဂိုလီးယား အမျိုးသားဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ အချိန်က ဖျော်ဖြေပွဲအပြီးနောက်တစ်ရက် မှာ မီးမောင်းတွေ ပြန်ဖြုတ်ရင်း ဆုံးပါးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသားကို Summer Swag 2022 ဖျော်ဖြေပွဲမှာ တာဝန်ယူဖို့အတွက် ဇူလိုင်လ ၃၀ ရက်နေ့တုန်းက ဂန်းနမ်းက အားကစားပွဲမှာ အလုပ်လုပ်ဖို့ ငှားထားခဲ့တာ ဖြစ်ပါတယ်။

Google

အသက် ၂၇ နှစ်အရွယ် အမျိုးသားက စင်မြင့်ထက်ဆီက မီးမောင်းတွေ ပြန်ဖြုတ်ရင်း အမြင့် ၂၀ မီတာကနေ စင်အောက်ကို ပြုတ်ကျခဲ့တာလို့ သိရပါတယ်။ စင်မြင့်အောက်ကို ပြုတ်ကျချင်းမှာပဲ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာကြောင့် လူအများက စိတ်မကောင်းဝမ်းနည်းဖြစ်နေကြပါတယ်။ ပြုတ်ကျကျချင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

Google
Google

အခင်းဖြစ်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင် တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Google

စုံစမ်းစစ်ဆေးမှုတွေအရ သေဆုံးရတဲ့ အကြောင်းအရင်းက မတော်တဆ ခြေချော်ကျခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။ PSY ရဲ့ ဖျော်ဖြေပွဲမှာ မတော်တဆ ဆုံးပါးသွားခဲ့ရတဲ့ အလုပ်သမားအကြောင်းကို စိတ်မကောင်းဖွယ်လေး ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။