တောင်ကိုရီးယားမင်းသမီး Jang Na-ra ဟာဆိုရင် အသက် ၄၀ ကျော်နေပြီဖြစ်ပေမယ့် မအိုသေးဘဲ နုပျိုနေဆဲ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ Jang Na-ra ဟာဆိုရင် မကြာသေးမီကမှ အသက် ၆ နှစ်အရွယ်ငယ်တဲ့ ကောင်လေးနဲ့ လက်ထပ်ထားတဲ့သူဖြစ်ပါတယ်။ နာမည်ကြီး မင်းသမီး တစ်ယောက်ဖြစ်တာကြောင့် Jang Na-ra  ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သတ်ပြီး ပရိသတ်တွေများစွာက စိတ်ဝင်စားမှု မြင့်တက်လျှက်ရှိပါတယ်။ ဒီကနေ့မှာလည်း Jang Na-ra ရဲ့ လက်ထပ်ပြီးနောက် ပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာ လူပြောများနေခဲ့ပါတယ်။

Google
Instagram

Jang Na-ra ရဲ့ ဓာတ်ပုံကို သူမရဲ့ အစ်ကိုဖြစ်သူ Jang Sung-won က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တစ်ဆင့် တင်ပေးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံလေးထဲမှာ ခွေးကလေးနဲ့ပျော်ရွှင်နေတဲ့ Jang Na-ra ကို တွေ့ရပါတယ်။ 

Instagram
Instagram
Instagram

Jang Na-ra နဲ့ သူမရဲ့ အစ်ကိုဖြစ်သူ မင်းသား Jang Sung Won တို့က အရမ်းကိုချစ်ကြတဲ့ မောင်နှမတွေဖြစ်ပြီး သူတို့နှစ်ဦးကို အမြဲတမ်း အတူတူ တွေ့ရပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Jang Na-ra က သူမထက် ၆ နှစ်ငယ်တဲ့ ကင်မရာဒါရိုက်တာတစ်ယောက်နဲ့ ၂ နှစ်ကြာတွဲပြီးတဲ့နောက်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google

Jang Na-ra က လက်ထပ်ပြီးနောက်မှာလည်း ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်မှာ ပျော်ရွှင်နေတဲ့ မမ Jang Na-ra ရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။