Eminem လို့ လူသိများတဲ့ Marshall Bruce Mathers III ဟာဆိုရင် အမေရိကန် နာမည်ကျော် ရက်ပ်ပါ ၊ သီချင်းရေးဆရာနဲ့ အသံသွင်း ထုတ်လုပ်သူတစ်ဦးဖြစ်ပါတယ်။ Eminem ဟာ အထူးချွန်ဆုံး ရက်ပါများထဲမှ တစ်ဦး အဖြစ် အသိအမှတ်ပြုခြင်း ခံထားရတဲ့သူဖြစ်ပြီး အခုအချိန်အထိလည်း ပရိသတ်တွေ ရင်ထဲ ဆွဲကျန်နေစေမယ့် သီချင်းကောင်းတွေကို သီဆိုလေ့ ရှိတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ Eminem ရဲ့ အသက်က ၄၉ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Google
Google

Eminem မှာ Hailie Jade ၊ Alaina Marie Mathers နဲ့ Stevie Laine လို့ခေါ်တဲ့ သမီးလေး ၃ ယောက်ရှိပြီး သမီးလေး ၃ ယောက်လုံးကလည်း အရမ်းကိုချောပြီး ချစ်ဖို့ကောင်းကြပါတယ်။ အဲဒီထဲက Hailie Jade လေးကလည်း ကောင်းမွန်စွာ အရွယ်ရောက် ချောမောလှပလာတာကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်

Google
Google
Google

လက်ရှိမှာဆိုရင် Hailie Jade ရဲ့ အသက်က ၂၆ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ Hailie Jade က သူမရဲ့ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမြဲလိုလို ဝေမျှပေးလေ့ရှိတာကြောင့် ကလေးဘဝကနေ အရွယ်ရောက်လှပလာတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေက မြင်တွေ့ဖူးနေကြ ဖြစ်ပါတယ်။

Google
Google
Google

ချောမောလှပပြီး ချစ်ဖို့ကောင်းလွန်းစွာ အရွယ်ရောက်ကြီးပြင်းလာခဲ့တဲ့ Eminem ရဲ့ သမီးလေး Hailie Jade ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။