တောင်ကိုရီးယားမင်းသမီး Lee Yena ဟာဆိုရင် မင်္ဂလာပွဲ မကျင်းပခင်မှာပဲ ကိုယ်ဝန်ရှိသွားပြီဖြစ်တဲ့အကြောင်းကိုဝေမျှပေးလာခဲ့ပါတယ်။ Yena နဲ့ သူမရဲ့ ခင်ပွန်းလောင်းဖြစ်သူ ဘိုးလင်း ကစားသမားတို့က စေ့စပ်ရုံသာ စေ့စပ်ထားကြပြီး လက်မထပ်ကြရသေးပါဘူး။
ဒီအကြောင်းကို Lee Yena က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဇူလိုင်လ ၃၀ ရက်နေ့က “တန်ဖိုးရှိတဲ့ ဘဝလေးက မင်္ဂလာပွဲ မကျင်းပခင်မှာ အရင်ရောက်လာခဲ့တယ် .. “ ဆိုတဲ့ စာသားလေးနဲ့အတူ ဓာတ်ပုံလေးတစ်ပုံနဲ့ တွဲပြီး တင်ပေးလာတာဖြစ်ပါတယ်။
ဓာတ်ပုံလေးထဲမှာ သန္ဓေသား ရဲ့ အာထရာဆောင်း ပုံလေးကို ရှင်းရှင်းလင်းလင်း တွေ့ရပြီး ကိုယ်ဝန်စမ်းတဲ့ကိရိယာထဲမှာ နှစ်ကြောင်း ပေါ်နေတာပါ ပြသထားပါတယ်။
တစ်ရက်တည်းမှာပဲ Yena က သူမ ခင်ပွန်းလောင်းဖြစ်သူရဲ့ အင်စတာဂရမ် အကောင့်ကို Tag တွဲပြီး အဖေဖြစ်လာတဲ့အတွက် ဂုဏ်ယူကြောင်း စာသားလေး တင်ခဲ့ပါတယ်။
Yena က သူမရဲ့ မင်္ဂလာပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တဲ့ အတွက် ကောင်းချီးပေးကြပါဦးလို့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါသေးတယ်။
Yena မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းတွေ ပြန့်နှံ့လာတာနဲ့ တစ်ပြိုင်နက် ပရိသတ်တွေက ဇနီးမောင်နှံနှစ်ဦးကိုဂုဏ်ပြုပေးခဲ့ကြပါတယ်။
Lee Yena ဟာ ၂၀၀၄ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး “Angel's Last Mission: Love”၊ “The Rich Son” နှင့် “Circle: Two Worlds Connected” ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း Mnet ရဲ့ reality show ဖြစ်တဲ့ “Somebody 2” တွင်ပါဝင် ခဲ့ပါသေးတယ်။
ဂုဏ်ယူပါတယ် ကောင်မလေးရေ .. မင်္ဂလာပွဲမှာလည်း ဗိုက်လုံးလုံးလေးနဲ့ အတူ အလှဆုံး လေးဖြစ်နေပေးပါနော်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။