တောင်ကိုရီးယား နာမည်ကြီး လူငယ် အဆိုတော် ၊ သရုပ်ဆောင် Cha Eun Woo ဟာဆိုရင် ရုပ်ရှင်တစ်ခုမှာမင်းသား Kang Dong Won နဲ့ မင်းသမီး Song Hye Kyo တို့ရဲ့ သားအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီဇာတ်ကားလေးရဲ့ နာမည်က My Brilliant Life (၂၀၁၄)  ဖြစ်ပြီး အသက်အကြီးမြန်တဲ့ ရောဂါကို ခံစားနေရတဲ့ကလေးတစ်ဦးအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ 

Google

Kang Dong Won နဲ့ Song Hye Kyo တို့က “My Brilliant Life” ဇာတ်လမ်းထဲမှာ ၁၇ နှစ်တည်းနဲ့ ကလေးရခဲ့တဲ့လင်မယားအဖြစ် သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ သားလေးကတော့ အသက်ကြီးမှု မြန်ဆန်နေတဲ့ရောဂါ ခံစားနေရတဲ့ကောင်လေး Ah-reum ဖြစ်ပါတယ်။ 

Google

Ah-reum အဖြစ် သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင်လေးနာမည်က Jo Sung-mok ဖြစ်ပါတယ်။ 

Google

Ah-reum လေး ဆေးရုံမှာ အသည်းအသန် နေမကောင်းဖြစ်နေတဲ့အချိန်မှာ ကျန်းမာတဲ့အသွင်အပြင်ကို ပုံဖော်ပြီးသူ့ဘဝကို စိတ်ကူးယဉ်ခဲ့ပါတယ်။ စိတ်ကူးယဉ်ကမ္ဘာက Ah-reum နေရာမှာ သရုပ်ဆောင်ခဲ့တဲ့သူက Cha Eun Woo ပဲ ဖြစ်ပါတယ်။ 

Google
Kang Dong-won နဲ့ Song Hye-kyo တို့ရဲ့ သားအဖြစ် သရုပ်ဆောင်ဖူးတဲ့ Cha Eun Woo 

My Brilliant life ထဲက  ကျန်းမာတဲ့ Ah-reum လေး နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ မင်းသားက လက်ရှိမှာအောင်မြင်မှုတွေ အများကြီး ရရှိနေတဲ့ Cha Eun Woo ဖြစ်လာတဲ့အတွက် ပရိသတ်တွေဟာလည်း များစွာ အံ့အားသင့်ခဲ့ကြပါတယ်။ 

Kang Dong-won နဲ့ Song Hye-kyo တို့ရဲ့ သားအဖြစ် သရုပ်ဆောင်ဖူးတဲ့ Cha Eun Woo 
Tumblr
Google


Cha Eun-woo  အကြောင်းမိတ်ဆက်ထားတဲ့ ဆောင်းပါး တချို့ မှာလည်း Cha Eun-woo  ကို Dong-won နဲ့ Song Hye-kyo တို့ရဲ့ သားနေရာကနေ သရုပ်ဆောင်ခဲ့တဲ့သူ အဖြစ် ဖော်ပြနေဆဲပဲ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။