တောင်ကိုးရီးယား K-pop အဖွဲ့ Rumble G ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ DiDi (ခေါ် ) ဆုနဒီစိုးဟာ မြန်မာလူမျိုးစစ်စစ် တစ်ယောက်ဖြစ်ပါတယ်။ ဆုနဒီစိုးဟာ မြန်မာပြည်မှာ TOPIK စာမေးပွဲဖြေဆိုအောင်မြင်ရင်း ကိုရီးယားနိုင်ငံကို ရောက်ရှိသွားသူလေး ဖြစ်ပါတယ်။ 

Su Nadi Soe’s Facebook

Trainer တစ်ယောက်အဖြစ် ပြိုင်ပွဲတွေများစွာကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဆုနဒီစိုးဟာ သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ Rumble G အဖွဲ့ရဲ့ Leader တစ်ယောက်အဖြစ် ပွဲဦးထွက်လာနိုင်တဲ့ အိုင်ဒေါ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Su Nadi Soe’s Facebook
Su Nadi Soe’s Facebook
Su Nadi Soe’s Facebook
Su Nadi Soe’s Facebook

လက်ရှိမှာ မြန်မာနိုင်ငံက အခြေအနေဆိုးတွေကြောင့် အမိမြေကို လာရောက်ဖျော်ဖြေဖို့ မဖြစ်နိုင်ပေမယ့်အခြေအနေတွေ ကောင်းမွန်လာရင် Rumble G အဖွဲ့နဲ့အတူ မြန်မာပြည်မှာ လာရောက်ဖျော်ဖြေချင်တယ်လို့ ဆုနဒီစိုးက အခုလို ပြောလာခဲ့ပါတယ်။ 

“Till the days I can come and perform on my mother land’s stage …. 

Stay strong ??”

(အမိမြေမှာ လာရောက်ဖျော်ဖြေနိုင်တဲ့ နေ့ရက်တွေရောက်တဲ့အထိ အားတင်းထားပါနော်) 

Su Nadi Soe’s Facebook
Su Nadi Soe’s Facebook
Su Nadi Soe’s Facebook

မြန်မာနိုင်ငံသူလေးက ကိုရီးယားနိုင်ငံမှာ အိုင်ဒေါခေါင်းဆောင်တစ်ယောက်အဖြစ် ပွဲဦးထွက်နိုင်ခဲ့လို့ အရမ်းကိုဂုဏ်ယူစရာကောင်းလှပါတယ်နော်။ အခြေအနေအနေတွေ ကောင်းလာတဲ့ တစ်နေ့ Rumble G အဖွဲ့ မြန်မာပြည်ကိုလာရောက်ဖျော်ဖြေတဲ့အခါကြရင်လည်း မြန်မာပြည်သူပြည်သားတွေက အင်တိုက် အားတိုက် အားပေးကြမှာအသေအချာပဲ ဖြစ်ပါတယ်။ Rumble G က အဖွဲ့ဝင် ၄ ယောက် (DiDi ၊ Gayun ၊ Barum ၊Ian ) တို့နဲ့ ၂၀၂၁ ခုနှစ်တုန်းက ပွဲဦးထွက်လာခဲ့တာဆိုပေမယ့် လက်ရှိမှာတော့ DiDi ၊ Gayun ၊ Barum  အဖွဲ့ဝင် ၃ယောက်ပဲ ရှိပါတော့တယ်။ 

Google
Google

Rumble G အဖွဲ့ ဒီထက်မက အောင်မြင်ပြီး တောင်ကိုရီးယားရဲ့ ထိပ်တန်းအဖွဲ့တွေထဲက တစ်ခု ဖြစ်လာဖို့ဆုတောင်းပေးရင်း အခုအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Su Nadi Soe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။